
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ နေ့လည်(၁၃း၀၀) အချိန်တွင် စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးနှင့်အတူ ဆီကုန်သည်များအသင်းမှ တာဝန်ရှိသူများမှ online virtual ဖြင့် တက် ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ ညှိနှိုင်းဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအား ညနေ(၁၆း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)