
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စျေးကွက်တွင် ပစ္စည်း ပြတ်လပ်မှုများမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် မြိတ်မြို့တွင်ရောင်းချလျက် ရှိသော ပြည်တွင်းထုတ်ကော်ဖီမစ်ထုပ်များကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်းတွင်ထုတ်လုပ်သော ကော်ဖီထုတ်များ၏ စျေးနှုန်း စျေးကွက် အခြေအနေ၊ ပစ္စည်းဝင်ရောက်နေမှုအခြေအနေနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ပါရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားအကြောင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဖြင့် အသိပညာပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)