ရွှေတောင်မြို့၏တို့စရာသခွားသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဝန်ကျေးရွာရှိ တောင်သူ ဦးတိုးဌေး ပိုင်ဆိုင်သော တို့သခွားသီးစိုက်ခင်းသို့ (၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ သခွားစိုက်ဧကမှာ (၂)ယောက်စိုက် (ဧကဝက်) ရှိပြီးပြာသိုလတွင် စတင်၍ အစေ့ချစိုက်ပျိုးပြီး (၂)လခွဲကြာ တပေါင်းလတွင် စတင်ခူးဆွတ်ရောင်းချ ရပါသည်။ စတင်ခူးဆွတ်ချိန်တွင် တစ်နေ့လျှင် အလုံးပေါင်း (၁၀၀၀)ကျော် ခူးဆွတ်ရရှိပြီး နောက်ပိုင်းအသီးများတိုးလာချိန်တွင် တစ်နေ့အလုံးပေါင်း (၅၀၀၀-၆၀၀၀)ထိ ခူးဆွတ် ရနိုင်ကြောင်း သိရှိရပါသည်။ အသီးပေါ်မူတည်ပြီး တစ်ရက်ခြား နှစ်ရက်ခြား၍ ခူးဆွတ် ရပါသည်။ သခွားသီးများကို တစ်လကြာခူးဆွတ်ရောင်းချရပါသည်။ သခွားသီးရောင်းဈေးမှာ တစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့် ပွဲစားများမှ လာရောက်သိမ်းယူကြပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်း ချကြပါသည်။ စုစုပေါင်းကုန်ကျစရိတ် မှာ(၅)သိန်းကျော်ကုန်ကျပြီး အကျိုးအမြတ်မှာ (၁၅)သိန်းဝန်းကျင်လောက် ခန့်မှန်းရရှိနိုင်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)