
ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ နေကျော်တန်းရှိ တောင်သူ ဦးကုလား၏ ပြောင်းဖူးစိုက်ခင်းသို့ (၁၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။ စိုက်ပျိုးသော ပြောင်းဖူးမျိုးမှာ (၇၀၂)တံဆိပ် ၁ထုပ်ကို (၄၈၀၀၀)ကျပ် ပေး၍ဝယ်ယူ စိုက်ပျိုးရပါသည်။ ပြောင်းဖူးပင်စိုက်ပျိုးပြီး (၂)လအကြာတွင် ပြောင်းဖူးများ ခုတ်ယူရောင်းချ၍ရပါသည်။ ပြောင်းခင်းတစ်ခင်း၏ ကုန်ကျစရိတ်မှာ (၅၀၀၀၀၀)ကျပ်ကုန်ကျပြီး၊ ပြောင်းဖူးများထွက်ပေါ်ချိန်တွင် အခင်းသို့လာရောက်ပြီး အကြီး/အသေး (၁)ဖူးကို (၅၀၀)ကျပ်ဖြင့် လာရောက်သိမ်းယူပါသည်။ ပြောင်းဖူး ထွက်ပေါ်ချိန်မှ တုန်းချိန်အထိ အဖူးရေ ၁၈၀၀ခန့် ခူးဆွက်ရောင်းချရပြီး ဝင်ငွေအနေဖြင့် (၉)သိန်းကျပ်ရရှိပြီး၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၄)သိန်းကျပ်ခန့် ရရှိသည်ဟု သိရပါသည်။ ဈေးများတွင်ရောင်းချသော လက်လီဈေးမှာ (၁)ဖူးကို (၇၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်ဖူးလျှင် သယ်ယူခနှင့်အထွေထွေကုန်ကျစရိတ်နှုတ်လိုက်လျှင် တစ်ဖူးလျှင် လက်လီရောင်းချသူ၏ အကျိုးအမြတ်မှာ (၁၀၀-၁၅၀)ခန့် ရရှိနိုင်သည်ဟု ခန့်မှန်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ပြောင်းဖူးများကို ရန်ကုန်မြို့နှင့် နယ်မြို့များသို့ တင်ပို့ ရောင်းချကြောင်း သိရပါသည်။ ပြောင်းဖူးများဈေးကောင်း ရရှိသောကြောင့် အမြတ်များ များရရှိသည်ဟု သိရပါသည်။
DOCA(ပဲခူး)