
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ မြို့မဈေးကြီးသို့ (၁၉.၃.၂၀၂၅) ရက် နေ့နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်း တစ်ဦးတို့သည် ပြည်တွင်းထုတ် အသင့်သောက်ကော်ဖီထုပ်များ၏ ဈေးနှုန်းဈေးကွက် အခြေအနေများကို ကွင်းဆင်းမေးမြန်းခဲ့ပါသည်။
လူအများသောက်သုံးသောကော်ဖီဈေးနှုန်းသည် မတ်လတွင်စူပါ(ပါကင်ထုပ်) အထုပ်(၃၀)ပါ ၁၃၅၀၀ကျပ်၊စူပါ(ပါကင်ထုပ်)အထုပ်(၄၈)ထုပ်ပါ၂၂၀၀၀ကျပ်၊ဆန်းဒေးကော်ဖီအထုပ်(၃၀)ပါ၁၅၀၀၀ ကျပ်၊ပရီမီယာအထုပ်(၃၀)ပါ ၁၅၅၀၀ကျပ်၊Happy အထုပ်(၃၀)ပါ ၁၃၀၀၀ကျပ်၊ပလက်တီနမ်အထုပ် (၃၀)ပါ ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)