
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် ဝန်ကြီးဌာနနှင့် တိရစ္ဆာန်အစာထုတ်လုပ်သည့် ကုမ္ပဏီ (၆) ခုတို့အကြား ပြောင်း၊ ပီလောပီနံနှင့် အခြားကုန်ကြမ်းများ ဝယ်ယူမှုမြှင့်တင်နိုင်ရေးပူးပေါင်းဆောင်ခြင်း နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ လက်မှတ်ရေးထိုးပွဲအခမ်အနားသို့ တက်ရောက်လာသော ကုမ္ပဏီ (၆) ခုတွင် M’s Pig ACMC (Cambodia), Betagro (Cambodia) Company Limited, Agri-Master Co Ltd, De Heus TMH Co Ltd, ANT FEED Co Ltd နှင့် CJ CheilJedang Feed (Cambodia) Co Ltd ပါဝင်ကြသည်။ အဆိုပါနားလည်မှု စာချွန်လွှာမှ တဆင့်ပြောင်းတန်ချိန် ၁၈၉,၀၀၀ တန်၊ ပီလောပီနံတန်ချိန် ၈၁,၆၀၀ တန်၊ ဆန်ကွဲ ၅၁,၁၃၀ တန်နှင့် စပါးခွံ တန်ချိန်၅၇,၇၃၀ တန်ဝယ်ယူရန် ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် မည်ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် တိရစ္ဆာန်အစာ စရိတ်များမြင့်တက်လာချိန်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးအခွင့်အလမ်းများတိုးတက်ရေး၊ ထုတ်ကုန် တန်ဖိုးမြှင့်တင်ရေးနှင့် စိုက်ပျိုးရေးကွင်းဆက်ကို ခိုင်မာအားကောင်းစေမည့် အခန်းကဏ္ဍကို သရုပ်ပြသည့် အခမ်းအနားဖြစ်ကြောင်း သိရှိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)