စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံတွင် ကမ္ဘောဒီးယား သီဟိုဠ်စေ့များအတွက် ဈေးကွက်လမ်းကြောင်းများရှာဖွေ

Powered by Drupal

            ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MoC) မှ ပြည်နယ် အတွင်းရေးမှူး Samheng Bora နှင့် နိုင်ငံခြားပို့ကုန်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့(EPTF)၊ ဥက္ကဋ္ဌ တို့သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ AEON Mall နှင့် 7-Eleven stores ဆိုင်များသို့ ၁၇-၃-၂၀၂၅ ရက်နေ့က သွားရောက်လေ့မှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါခရီးစဉ်သည် ဈေးကွက်လမ်းကြောင်းများကို ထိုးထွင်းသိမြင်ရန်နှင့် ဂျပန်နိုင်ငံ၏ ဈေးကွက်များအတွင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့များ၏ အနေအထားကိုအကဲဖြတ်ရန် ရည်ရွယ် ထားသည်။ Samheng Bora သည် EPTF အနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လိုက်လျောညီထွေမှုဖြစ်စေရန်၊ ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရန်နှင့် ကမ္ဘာ့ ဈေးကွက်တွင် အဖိုးတန်ထုတ်ကုန်အဖြစ် ကမ္ဘောဒီးယားသီဟိုဠ်စေ့ကို နေရာချထားရန်နှင့် ပြည်တွင်းထုတ်လုပ်သူများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ပစ်မှတ်ထားသော ပို့ကုန် ဈေးကွက်များထဲမှ တစ်ခုဖြစ်ပြီး တန်ဖိုးမြင့်ဈေးကွက်များတွင် ၎င်း၏ဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရန်နိုင်ငံတော်၏ ရည်မှန်းချက်ကို ထင်ဟပ်စေသည်။ ခိုင်မာသောကုန်သွယ်မှုကို တည်ဆောင်ပြီး ရေရှည်တည်တံ့သောအရင်းအမြစ်နှင့် အရည်အသွေးမြင့် သီဟိုဠ်စေ ့ထုတ်ကုန်များကို မြှင့်တင်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ပို့ကုန်မြှင့်တင်ခြင်း၊ ယှဉ်ပြိင်နိုင်စွမ်း မြှင့်တင်ခြင်းနှင့် နိုင်ငံတကာဈေးကွက်တွင် ၎င်း၏ဂုဏ်သတင်းကိုခိုင်မာစေရန် ရည်ရွယ်ထား ကြောင်း Samheng Bora ဆက်လက်ပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)