
ဗီယက်နမ်၏လျှပ်စစ်ကားဈေးကွက်သည် ရောင်းချရမှုမြင့်တက်ခြင်းနှင့် နိုင်ငံတကာ အမှတ်တံဆိပ်များတည်ရှိခြင်းနှင့်အတူ လျှင်မြန်စွာကြီးထွားနေကြောင်းသိရပါသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏အဆိုအရ လျှပ်စစ်ကားရောင်းချရမှုသည် ၂၀၂၂ ခုနှစ်တွင် ၈၀၀၀ စီးမှ ၂၀၂၃ ခုနှစ်တွင် ၃၇၈၀၀ စီးသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အစီးရေ ၉၀၀၀၀ နီးပါးထိရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၂.၅ ဆ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ VinFast သည် ပြည်တွင်းဈေးကွက်ကိုဦးဆောင်ထားပြီး ၃ နှစ်အတွင်း အစီးရေ ၈၇၀၀၀ ရောင်းချ ခဲ့ရကာ ယခုနှစ်ဖေဖော်ဝါရီလတစ်လတည်းတွင် အစီးရေ ၁၂၅၀၀ စီး ရောင်းချခဲ့ ရကြောင်း သိရပါသည်။ BYD နှင့် Wuling အစရှိသည့် တရုတ်ကား ထုတ်လုပ်သူများ နှင့်အတူ လျှပ်စစ်ကား မော်ဒယ်များမိတ်ဆက်ပေးသည့် Mercedes-Benz၊ Audi၊ Volkswagen နှင့် Porsche တို့ကဲ့သို့ သောများစွာသော နိုင်ငံတကာအမှတ်တံဆိပ်များဝင်ရောက်လာမှုတို့ကြောင့် ပြည်တွင်းဈေးကွက်သည် စတင်မြင့်တက်လာကြောင်း သိရပါသည်။ သို့သော် အားသွင်းရုံကွန်ယက်ပြန့်နှံမှုနည်းပါးခြင်းနှင့် မော်တော်ယာဉ်ကုန်ကျစရိတ်မြင့်မားခြင်း တို့ပါဝင် သည့် စိန်ခေါ်မှုများရှိနေကြောင်း သိရပါသည်။ ဗီယက်နမ်သည် တင်သွင်းသည့် အစိတ်အပိုင်းများကိုအလွန်မီခိုထားရခြင်းက ထုတ်လုပ် မှုကုန်ကျစရိတ်ကို မြင့်တက်စေကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ပြည်တွင်းထုတ်လုပ်မှု တွင်ရင်းနှီးမြှုပ်နှံမှုနှင့် အားသွင်းရုံ အခြေခံအဆောက်အအုံသည် စဉ်ဆက်မပြတ်ကြီးထွားမှုအတွက် အရေးပါကြောင်း ပြောကြားခဲ့ ပါသည်။ မူဝါဒနှင့်ရင်းနှီးမြှုပ်နှံမှုအားကောင်းမှုနှင့်အတူ ဗီယက်နမ်သည် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းနယ်ပယ်တွင် အဓိကနေရာ၌ရပ်တည်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)