တိုယိုတာမော်တာက ဗီယက်နမ်တွင် ၇၀၀၀၀၀ မြောက်ကားကို ထုတ်လုပ်

Powered by Drupal

             တိုယိုတာမော်တာဗီယက်နမ်သည် မတ်လ ၁၉ ရက်နေ့က အစီးရေ ၇၀၀၀၀၀ မြောက် ကားကို ထုတ်လုပ်ခဲ့ပြီး ဗီယက်နမ်တွင် ထိုကိန်းဂဏန်းကိုရောက်ရှိခဲ့သည့် ပထမဆုံးကား ထုတ်လုပ်သူဖြစ်လာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလသည် တိုယိုတာ၏ ဗီယက်နမ်တွင် လုပ်ငန်းစတင်လည်ပတ်သည့် နှစ် ၃၀ မြောက်ဖြစ်ပြီး ပြည်တွင်းမော်တော်ကား လုပ်ငန်းအဆင့်မြှင့်တင်ရန် ကုမ္ပဏီ၏အာမခံမှုကို သက်သေပြနေကြောင်း သိရပါသည်။ တိုယိုတာမော်တာဗီယက်နမ်၏စက်ရုံကို ဗီယက်နမ်တောင်ပိုင်းရှိ Vinh Phuc ပြည်နယ်တွင် ၁၉၉၅ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး တစ်နှစ်အကြာတွင် တရားဝင်လုပ်ငန်းစတင်လည်ပတ်ခဲ့ ကြောင်း သိရပါသည်။ ကနဦးထုတ်လုပ်မှုနှုန်း တစ်ရက်လျှင် ၂ စီးမှ တစ်ရက်လျှင် ၁၀၈ စီး၊ တစ်နှစ်လျှင် ၂၇၀၀၀ စီး ထိထုတ်လုပ်နိုင်စွမ်းရှိနေကြောင်း သိရပါသည်။ ထိုသို့တည်ငြိမ်စွာ တိုးချဲ့ နိုင်မှုသည် ဗီယက်နမ်ဈေးကွက်တွင် တိုယိုတာ၏ တည်ငြိမ်ပြီး စဉ်ဆက်မပြတ် ကြီးထွားမှုကို ပြသနေကြောင်း သိရပါသည်။ တိုယိုတာမော်တာသည် ၁၉၉၉ ခုနှစ်တွင် ဗီယက်နမ်၌ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအတွက် ISO 14001 အသိအမှတ်ပြုလက်မှတ်ကို ရရှိသည့် ပထမဆုံး ကားကုမ္ပဏီဖြစ်ပြီး ထိုအချိန်မှစ၍ ၎င်းတို့၏စနစ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းကာတိုးတက်ရန် ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် တိုယိုတာ သည် ဗီယက်နမ်၌ Vios၊ Innova၊ Fortuner၊ Veloz Cross နှင့် Avanza Premio စသည့် မော်ဒယ်ငါးမျိုးကို ထုတ်လုပ်တပ်ဆင်လျှက်ရှိကြောင်း သိရပါသည်။ ၇၀၀၀၀၀ မြောက် ထုတ်လုပ်သည့်မော်ဒယ်သည် Veloz Cross ဖြစ်ကြောင်း သိရပါသည်။ ထုတ်လုပ်သည့် ပမာဏတွင်ဦးဆောင်နေရုံသာမက တိုယိုတာ သည် ဗီယက်နမ်တွင် တံဆိပ်ရိုက်ခြင်း၊ ဂဟေဆက်ခြင်း၊ ဆေးခြယ်ခြင်း၊ တပ်ဆင်ခြင်းနှင့် အရည် အသွေးစစ်ဆေးခြင်းစသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်ငါးခုကို အပြည့်အဝပြီးမြောက်သည့် ပထမဆုံးကားထုတ်လုပ်သူ ဖြစ်ကြောင်းသိရပါသည်။ တိုယိုတာ၏ အဓိကအာမခံချက်ထားမှတစ်ခုမှာ ထုတ်ကုန်ကို ပြည်တွင်း၌ အသုံးပြုနိုင်အောင်ဖန်တီးခြင်းနှင့် ပြည်တွင်းကားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ခြင်းတို့ဖြစ်ကြောင်း သိရပါသည်။ ယနေ့အချိန်အထိ တိုယိုတာသည် ဗီယက်နမ် ကုမ္ပဏီ ၁၃ ခုပါဝင်သော ရောင်းချသူ ၆၀ နှင့်မိတ်ဖက်ဖွဲ့ထားကြောင်း သိရပါသည်။ ကုမ္ပဏီ သည် အလုပ်အကိုင် ၁၅၀၀ ခန့်အပ်ထားပြီး Vinh Phuc ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် သိသာစွာပူးပေါင်းပါဝင်လျှက်ရှိကြောင်း သိရပါသည်။ ထိုအောင်မြင်မှုများကြောင့် တိုယိုတာမော်တာဗီယက်နမ်သည် Good Factory Award 2024 ဂုဏ်ပြုဆုကိုရရှိထားကြောင်း သိရပါသည်။ ထို့ပြင်ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့် သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ၎င်းတို့၏ရေရှည်အာမခံချက်ကို ထပ်မံ အတည်ပြုခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)