
အင်ဒိုနီးရှားနိုင်ငံသည် ၄င်း၏ယခင်စားအုန်းဆီတင်ပို့မှုစည်းကြပ်ခွန်ဖြစ်သော ၃ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအကြားကောက်ခံနေမှုအား ယခုအခါစည်းကြပ်ခွန် ၄.၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း ကြားတိုးမြင့်လိုက်ကြောင်းစိုက်ခင်းရန်ပုံငွေတာဝန်ရှိသူတစ်ဦးက မတ်လ ၁၈ ရက်နေ့တွင် ပြောကြားချက်အရသိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၄င်း၏ ဇီဝဒီဇယ်ရောနှောတွင် စားအုန်ဆီမဖြစ်မနေ ပမာဏ ၃၅ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၄၀ ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့သည်။ ၄င်းသည် ၂၀၂၆ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းသို့တိုးမြင့်ကာ လေယာဉ်ဆီ ၃ ရာခိုင်နှုန်းရောစပ်ကာ လောင်စာဆီတင်သွင်းမှုကို တားဆီးရန်ကြိုးပမ်းလျှက်ရှိသည်။ ပို့ကုန်စည်းကြပ်မှုကောက်ခံခြင်း နှင့် ဖြန့်ဖြူးခြင်းဆိုင်ရာတာဝန်ခံ Plantation Fund Agency မှ ဒါရိုက်တာ Kabul Wijayanto ကအာဏာပိုင်များသည် စည်းမျဉ်း ထုတ်ပြန်ပြီးသုံးရက်အကြာတွင် နှုန်းထားအသစ်များကို စည်းကြပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Wijayanto က အဆိုပါစည်းမျဉ်းကို ဥပဒေဝန်ကြီး ဌာနက လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ သည်။ အေဂျင်စီသည် ယခုနှစ်တွင် ဇီဝဒီဇယ်ထောက်ပံ့မှုအတွက် ရူပီယာ ၃၄.၄၇ ထရီလီယံ (ဒေါ်လာ ၂.၁၅ ဘီလီယံ) အသုံးပြုရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)