တရုတ်ကဘက်ထရီနှင့်ချပ်စ်နည်းပညာတင်ပို့မှုတင်းကျပ်မည်

Powered by Drupal

             တရုတ်အစိုးရသည် အမေရိကန်နှင့်ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန် ဆီမီးကွန်ဒတ်တာနှင့် လျှပ်စစ်ကားဘက်ထရီအတွက် ပစ္စည်းများပြုလုပ်ရာတွင်အသုံးပြုသည့် နည်းပညာကို ကုန်သွယ်ခွင့်တင်းကျပ်မည်ဟု သိရပါသည်။ ထိုပိတ်ပင်မှုအသစ်သည်ဆီမီးကွန်ဒတ်တာများ ပြုလုပ်ရာတွင် အသုံးပြုသည့် Gallium နှင့် Lithium-ion ဘက်ထရီများအတွက် cathode material အတွက် ထုတ်လုပ်မှုနည်းပညာတို့အပေါ်တွင်ဖြစ်ကြောင်း သိရပါသည်။ ထိုနည်းပညာများ ပြည်ပသို့တင်ပို့လိုပါက စီးပွားကူးသန်းဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်မည်ဟု သိရပါသည်။ ဝန်ကြီးဌာနသည် ဖေဖော်ဝါရီလတွင် ကန့်သတ်မှုအသစ်များချမှတ်ရန်အတွက် အာဏာပိုင် များအား တံခါးဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ Cathode material နှင့် Gallium ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်းတို့သည် ပြုပြင်ထုတ်လုပ်ခြင်းတွင်လည်း ဦးဆောင်နေပြီး အရည်အသွေးတိုးတက်မှုကို ကူညီပေးနိုင်ရန် အဆင့်မြင့်နည်းပညာများအပေါ် တင်းကျပ်စွာထိန်းချုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ အနောက်နိုင်ငံများသည် ဘက်ထရီနှင့်ဆက်စပ်သည့် ကုမ္ပဏီများ ၎င်းတို့ထံလုပ်ငန်းဆောင်ရွက်ပါက တစ်ခါတစ်ရံတွင် အဆင့်မြင့်နည်းပညာများဝေမျှရန် တောင်းဆိုကြကြောင်း သိရပါသည်။ ယခင်ကမူ တရုတ်သည် ထုတ်လုပ်မှုနည်းပညာထက် သတ္တုတွင်းထွက်များနှင့် အခြားကုန်ပစ္စည်းများအပေါ် ကုန်သွယ်မှုတင်းကျပ်ရန် အဓိကထားခဲ့ကြောင်း သိရပါသည်။ ဖေဖော်ဝါရီလတွင် တရုတ်သည် tungsten နှင့် အခြားသတ္တုတွင်းထွက်များကို တင်ပို့မှုထိန်းချုပ်ခဲ့ကြောင်း သိရပါ သည်။ ဒီဇင်ဘာလတွင် အမေရိကန်သို့ Gallium တင်ပို့မှုကို မူအားခြင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။

Nikkei Asia

DOCA(ရန်ကုန်)