အင်ဒိုနီးရှား၏ Batang Industropolis SEZ သည် အလုပ်အကိုင် ၇၀၀၈ ဦးခန့်အပ်နိုင်

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က ဗဟို ဂျာဗားရှိ Batang Industropolis SEZ သည် အလုပ်အကိုင်အခွင့်အလမ်း ၇၀၀၈ ခုကို ဖန်တီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက Batang Industropolis SEZ အား အဓိကရင်းနှီး မြှုပ်နှံ မှုဦးတည်ရာအဖြစ် ဆွဲဆောင်နိုင်မှုမြှင့်တင်ရန် အစိုးရသည် စီးပွားရေးလုပ်ငန်းများအား အထူး အခွန်ကင်းလွတ်ခွင့်နှင့် လိုင်စင်ထုတ်ပေးမှုလုပ်ငန်းစဉ်မြန်ဆန်ရေး စသည့် ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးမဟုတ်သည့် မက်လုံးများဖြင့်ကမ်းလှမ်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Hartarto ၏ အဆိုအရ ထို SEZ သို့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးက ထို SEZ သည်ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များကိုဆွဲဆောင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမောင်းနှင်ရန် မျှော်မှန်းရကြောင်း ပြောကြား ခဲ့ပါသည်။ ထိုဒေသည် ဒေသတွင်းလမ်းမများ၊ ရေထောက်ပံ့မှုနှင့် ရေဆိုးထိန်းသိမ်းမှု တို့ပါဝင်သည့် ဘက်ပေါင်းစုံအခြေခံအဆောက်အအုံတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါသည်။ ထို့ပြင် အခြေခံအဆောက်အအုံများတွင် ရေလှောင်ကန်များ၊ အပင်များအားရေပေးဝေမှု၊ လျှပ်စစ်ရရှိမှု၊ တိုက်ခန်းတာဝါ ၁၀ ခုနှင့် အသင့်သုံးနိုင်သည့်စက်ရုံအဆောက်အအုံ ၆၄ ခုတို့ပါဝင်ကြောင်းသိရပါသည်။ ဝန်ကြီးက အခြားအာဆီယံနိုင်ငံများသည် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု များကိုဆွဲဆောင်ရန် SEZ များ တက်ကြွစွာတည်ထောင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ဟတ်တာ ၁.၆ သန်းကျယ်ဝန်းသော SEZ ၄ ခု၊ မလေးရှားသည် ဟတ်တာ ၂.၁၅ သန်းကျယ်ဝန်းသော SEZ ၆ ခု၊ ထိုင်းနိုင်ငံသည် ဟတ်တာ ၆၂၂၀၀၀ ကျယ်ဝန်းသော SEZ ၁၀ ခု၊ ဖိလစ်ပိုင်သည် ဟတ်တာ ၇၀၀၀၀ ကျယ်ဝန်းသော SEZ ၄၁၉ ခုနှင့် အင်ဒိုနီးရှားသည် ဟတ်တာ ၂၁၀၀၀ ကျယ်ဝန်းသော SEZ ၂၄ ခုကိုပိုင်ဆိုင်ထား ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ SEZ ၂၄ ခုတွင် ၁၂ ခုသည် ကုန်ထုတ်လုပ်မှုကို အဓိကထား ပြီး ၈ ခုမှာ ခရီးသွားကဏ္ဍ၊ ၃ ခုမှာ ဒစ်ဂျစ်တယ် ကဏ္ဍနှင့် ၁ ခုမှာ ဝန်ဆောင်မှု တို့ဖြစ်ကြောင်း သိရပါသည်။ Hartarto ကအင်ဒိုနီးရှား၏ SEZ များ အားလုံးသို့ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ရူပီး ၂၆၃ ထရီလီယံ ရှိပြီး အလုပ်အကိုင် ၁၆၀၈၇၄ ဦး ခန့်အပ်ထားနိုင်ကြောင်း ပြောကြားခဲ့ပါ သည်။ သမ္မတ Prabowo Subianto ကလည်း အင်ဒိုနီးရှား သည် ပုဂ္ဂလိကကဏ္ဍ၊ ပြည်တွင်းနှင့်ပြည်ပမှရှယ်ယာရှင်များပါဝင်သောများစွာသော ကနဦးစတင် မှုများကို ပံ့ပိုးမှုပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ Batang Industropolis SEZ သည် နိုင်ငံ၏ လုပ်ငန်းများယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့်  နိုင်ငံတော်စီးပွားရေးကြီးထွား နှုန်းမျှော်မှန်းချက် ၈ ရာခိုင်နှုန်းရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)