ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ၏ ဆန်လက်ကားဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့

Powered by Drupal

             ဂျပန်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဆန်စပါးသီးနှံအတွက် ပေးဆောင်ရသည့် ပျမ်းမျှစျေးနှုန်းသည် ဖေဖော်ဝါရီတွင် ခြောက်လဆက်တိုက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၄ ခုနှစ်တွင် ရိတ်သိမ်းပြီး ပျမ်းမျှ ဆန်ညိုရောင်းဈေးမှာ ၆၀ ကီလိုဂရမ် လျှင် ယန်း ၂၆,၄၈၅ (အမေရိကန်ဒေါ်လာ ၁၇၈ ခန့်) ရှိရာ ယခင်နှစ်ကထက် ၇၃ ရာခိုင်နှုန်းနှင့် ဝယ်လိုအား ပြင်းထန်လာခြင်းကြောင့် တစ်လအလိုကထက် ၂ ရာခိုင်နှုန်း တိုးလာကြောင်း စိုက်ပျိုး ရေး၊ သစ်တောနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ် နွေရာသီတွင် စတိုးဆိုင်များတွင် နိုင်ငံ၏ အဓိက စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် မြင့်တက်နေသည့် ဆန်စျေးနှုန်း ကို လျှော့ချရန်အတွက် ဝန်ကြီးဌာနက သိုလှောင်ထားသော ဆန်စုစုပေါင်း တန်ချိန် ၂၁၀,၀၀၀ ကို ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ ပထမအသုတ် အရန်ဆန်တန်ချိန် ၁၅၀,၀၀၀ ကို မတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ လေလံတင်ရောင်းချခဲ့သည်။ ဒုတိယအသုတ် လေလံပွဲကို မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)