WTO သည် ကမ္ဘောဒီးယားနှင့်တရုတ် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်များကို ဆွေးနွေး

Powered by Drupal

            ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ၂၀-၃-၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အထူးအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် တရုတ်တို့ကြား ကုန်စည် နှင့်ဝန်ဆောင်မှုများဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ FTA ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ "သဘောတူညီချက်အရ တရုတ်နိုင်ငံသည် ၎င်း၏ စည်းကြပ်ခွန်၏ ၉၇.၃ ရာခိုင်နှုန်းကို ၂၀၄၁ ခုနှစ်တွင် ဖယ်ရှားရန် ကတိပြုထားပြီး၊ ကမ္ဘောဒီးယားသည် ယင်းကာလအတွင်း အခွန်စည်းကြပ်မှု ၉၀ ရာခိုင်နှုန်းကို ဖယ်ရှားရန် ကတိပြုထားကြောင်း WTO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "အကောက်ခွန် ဖျက်သိမ်းရေး အများစုကို နှစ်ဖက်စလုံးက ရှေ့တန်းတင်ထားပြီး၊ ၂၀၂၂ ခုနှစ်ကတည်းက အကောက်ခွန်လျှော့ချရေးအများစုကို ကျင့်သုံး လျက်ရှိသည်။ ကုန်သွယ်မှုအတွက် ကမ္ဘောဒီးယား၏ ကဏ္ဍအလိုက်ကတိကဝတ်များတွင် ကဏ္ဍအရေအတွက်အကန့်အသတ်မှလွဲ၍ ကျန်ရှိနေသေးကြောင်း၊ တရုတ်၏ လက်ရှိ GATS သဘောတူညီချက်တွင် ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ထားသည်။ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီချက် (GATS) သည် ယုံကြည်စိတ်ချရပြီး ကြိုတင်မှန်းဆနိုင်သော စနစ်တစ်ခုဖန်တီးရန်နှင့် ဝန်ဆောင်မှုစျေးကွက်များ၏ တိုးတက်ရေး ဖြေလျှော့မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် စည်းမျဉ်းများနှင့် အခြေခံမူဘောင်တစ်ရပ်ကို ချမှတ်ပေးသည့် WTO စာချုပ်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) နှင့်ချုပ်ဆို ထားသည့် ပထမဆုံးသော နှစ်နိုင်ငံ FTA သဘောတူညီချက်ဖြစ်ကြောင်း အစည်းအဝေးတွင် တရုတ်ဘက်မှပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံကြားများပြား လှသောကုန်သွယ်မှုပမာဏအပေါ် တာဝန်များကို ဖယ်ရှားပေးသောကြောင့် WTO ကတိ ကဝတ်များနှင့် ကိုက်ညီကြောင်း ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားကိုယ်စားလှယ်က သုံးသပ်ခဲ့သည်။ ကမ္ဘောဒီးယားနှင့် တရုတ်တို့ကြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်က စံချိန်တင် အမြင့်ဆုံး ဒေါ်လာ ၁၅ ဒသမ ၁၈ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ထိုကိန်းဂဏန်းသည် နိုင်ငံတော် စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၂၆ ရာခိုင်နှုန်းနီးပါး ပါဝင်ပြီး ကန်ဒေါ်လာ ၅၄ ဒသမ ၇၄ ဘီလီယံရှိသည်။ တရုတ်နိုင်ငံသို့ နိုင်ငံတော်၏ ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၁.၇၅ ဘီလီယံရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၈.၄ ရာခိုင်နှုန်း တိုးလာကာ ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံသို့ တင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၄၃ ဘီလီယံ ရှိပြီး ၂၄ ဒသမ ၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)