ဝန်ကြီးချုပ်က AirAsia ကို ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းကို မြှင့်တင်ရာတွင် ကူညီရန် တိုက်တွန်း

Powered by Drupal

             ဝန်ကြီးချုပ် Hun Manet  က ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အဲအေးရှားကို တိုက်တွန်းခဲ့သည်။ Capital A Group (AirAsia) ၏ CEO ဖြစ်သူ Tony Fernandes သည် ၂၁-၃-၂၀၂၅ ရက်နေ့က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်ရေးနန်းတော်၌ လာရောက်လည်ပတ်စဉ် Hun Manet သည် AirAsia ၏ ကမ္ဘောဒီးယားတွင် ၎င်း၏ တိုးတက်မှုနှင့်အောင်မြင်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ခရီးသွားကဏ္ဍတွင် လေကြောင်းလိုင်း၏ ပံ့ပိုးကူညီမှုအား အထူးအလေးပေး ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားတွင် AirAsia အနေဖြင့်လည်ပတ်နေသော လေကြောင်းလိုင်းများနှင့် ခရီးသွားအေဂျင်စီများကို အားပေးကူညီရန်၊ လိုအပ်သော ယန္တရားများနှင့် အစီအမံများကို အကောင်အထည်ဖော်ရန် ပြောကြားခဲ့သည်။ Fernandes က ကမ္ဘောဒီးယားတွင် အဲအေးရှား၏ ရင်းနှီးမြှုပ်နှံမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နိုင်ငံသည် လေကြောင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းများရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ ဖနွမ်းပင်၊ Siem Reap နှင့် Preah Sihanouk တို့တွင် လေဆိပ် ၃ ခု ဆောက်လုပ်ခြင်းဖြင့် အနာဂတ်တွင် ကမ္ဘောဒီးယားသို့ ခရီးသွားများနှင့် ခရီးသွားအရေအတွက် သိသိသာသာ တိုးလာမည်ဖြစ်ကြောင်းနှင့် ၎င်း၏ကုမ္ပဏီမှ ကမ္ဘောဒီးယားသို့ လေကြောင်းဆက်သွယ်မှု တိုးမြှင့်ရေးအတွက် အားပေးကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)