CDC သည် ရှန်ဟိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် ဆွဲဆောင်ရန် ၎င်း၏ မစ်ရှင်ကို ဆက်လက်လုပ်ဆောင်

Powered by Drupal

            တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် Zhengzhou တွင် ၎င်း၏ တာဝန်ပြီးဆုံးပြီးနောက်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ပထမဥက္ကဋ္ဌ Sun Chanthol သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့မှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် မြှင့်တင်ရန် မစ်ရှင်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်သည် CDC နှင့် Cambodia Oknha Association တို့မှ ကိုယ်စားလှယ်အဖွဲ့အား Geoharbour Construction Group၊ Penyao Environmental Protection နှင့် Tri-Wall (Shanghai) Packaging Technology တို့နှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို နားလည်သဘောပေါက်ပြီး ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ခြေကို ဆန်းစစ်ရန် ဆွေးနွေးခဲ့ပါသည်။ Chanthol သည် ရှန်ဟိုင်းမြို့မှရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်မြှင့်တင်ရေး မစ်ရှင်အား ဖြည့်ဆည်း ပေးသည့် အခမ်းအနားတွင် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည့် ဤအစည်းအဝေး်တွင် ဒုတိယဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ နှင့် ဝန်ကြီးချုပ် Hun Manet  ၏ ခေါင်းဆောင်မှုအောက်တွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် ဒုတိယဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားတွင် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်နိုင်ရေးအတွက် အခြေခံအဖြစ် ရင်းနှီးမြှုပ်နှံသူများ အတွက် တိကျရှင်းလင်းပြီး ပြည့်စုံသောသတင်းအချက်အလက်များရရှိစေရေးအတွက် မူဝါဒနှင့် နည်းပညာဆိုင်ရာကဏ္ဍများကို အလေးပေးကာ ကုမ္ပဏီများသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)