ဈေးဝယ်စင်တာအသစ်များနှင့်စီမံကိန်းများအတွက် ဘတ် ၁၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် CPN

Powered by Drupal

             Central Pttana Plc(CPN) သည် Bangkok၊ Nonthaburi နှင့် Khon Kaen တို့တွင် ဈေးဝယ်စင်တာသစ်များဖွင့်လှစ်ရန်ပါဝင်သည့် ငါးနှစ်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာအတွက် ဘတ် ၁၂၀ ဘီလီယံ ဘက်ဂျက်ချထားကြောင်း သိရပါသည်။ CPN ၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Wallaya Chirathivat က ထိုဘက်ဂျက်သည် ကုမ္ပဏီ၏ ၂၀၂၅-၂၀၂၉ ရင်းနှီးမြှုပ်နှံမှု အစီ အစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ လက်လီရောင်းချမည့်စင်တာ စီမံကိန်းများတွင် မတ်လ ၂၈ ရက်နေ့တွင်ဖွင့်လှစ်မည့် Market Place Theprak community mall၊ ဩဂုတ်လတွင်ဖွင့်လှစ်မည့် Central Park ရုံးခန်းများ နှင့် အောက်တိုဘာလတွင် ဖွင့်လှစ် မည့် Central Krabi တို့ပါဝင်ကြောင်းသိရပါသည်။ နှစ်ကုန်တွင် ကုမ္ပဏီသည် နေရာ ၄၄ ခုမှ ၃၀ တို့မှာ Mixed-use စီမံကိန်း( ဈေးဝယ်စင်တာ၊ ရုံးခန်းများ၊ လူနေအခန်းများပါဝင်သည့် အဆောက် အအုံ)များနှင့်အတူ စီးပွားရေးကဏ္ဍအားလုံးတွင် စီမံကိန်း ၁၃၅ ခု ရရှိရန်မျှော်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ်အတွက်မူ ကုမ္ပဏီသည် Bangkok တွင် The Central စီမံကိန်း၊ Nonthaburi တွင် Central Northville စီမံကိန်းနှင့် Khon Kaen တွင် Central Khonkaen Campus စီမံကိန်းတို့ပါဝင်သည့် စီမံကိန်းသစ် ၃ ခုကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ CPN သည်Rama I၊ Rama IX နှင့် Phloenchit အစရှိသည့် ထင်ရှားသည့်နေရာများတွင်လည်း အဓိကစီမံကိန်းများနှင့်အတူ ၎င်းတို့၏ ဈေးကွက်တည်ရှိမှုကိုတိုးချဲ့ရန်စီစဉ်နေကြောင်း သိရပါသည်။ The Central ကို Mixed-use စီမံကိန်းအဖြစ် ဒီဇိုးဆွဲထားပြီး လက်လီဈေးဝယ် စင်တာ အကျယ်အဝန်းမှာ ၄၆၀၀၀၀ စတုရန်းမီတာရှိမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် စတုတ္ထ ၃ လပတ် ကာလတွင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဈေးဝယ်စင်တာ တည်ဆောက်မှု ပထမ အဆင့်ကို ရင်းနှီးမြှုပ်နှံမှု ဘတ် ၂၀ ဘီလီယံ အသုံးပြုသွားမည်ဟု သိရပါသည်။ ကုမ္ပဏီသည် ဈေးဝယ်စင်တာကို ဘန်ကောက်မြောက်ပိုင်းမှ ဝယ်လိုအားသစ်များကို ဆွဲဆောင်ရာ တံခါးပေါက် တစ်ခုဖြစ်လာရန် မျှော်လင့်ကြောင်း သိရပါသည်။ Central Khonkean campus နှင့် Central Northville ကို ၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် ဖွင့်လှစ်ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)