
အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ပြီး အလုပ်အကိုင်များဖန်တီးပေးရန် နိုင်ငံ၏ ပြည်နယ်တိုင်းတွင် အထူးစီးပွားရေးဇုန်(SEZ) များ တည်ထောင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Prabowo က၎င်းတို့သည် ပြည်နယ်တစ်ခုတွင် SEZ တစ်ခုတည်ထောင်ရန်အလိုရှိကြောင်း နှင့် ထိုသို့လုပ်ဆောင်နိုင်ပါက နိုင်ငံတွင် SEZ ၃၈ ခု ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဗဟိုဂျာဗား Batang ဒေသရှိ Batang Industropolis SEZ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ထိုSEZ တွင် ကုမ္ပဏီ ၇ ခုမှာ လုပ်ငန်းလည်ပတ် လျှက် ရှိပြီး အခြား ၇ ခုမှာ ဆောက်လုပ်ဆဲအဆင့်တွင်ရှိကာ ၁၃ ခုမှာ တည်ဆောက်မှုစီစဉ်နေဆဲ အဆင့် တွင် ရှိနေကြောင်း သိရပါသည်။ သမ္မတက အစိုးရသည် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အလုပ်အကိုင် များဖန်တီးပေးရန်နှင့် ကုန်ကြမ်းပစ္စည်းများအားတန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြုပြုထုတ်လုပ် ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ Prabowo ၏ အဆိုအရ ရင်းနှီးမြှုပ်နှံမှုသည် လာမည့်ငါးနှစ်အတွင် အလုပ်အကိုင် ၈ သန်းဖန်တီးပေးနိုင်မည်ဟု သိရပါသည်။ Batang ဒေသသည် ဗဟိုဂျာဗားတွင် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ရန် Batang ဘက်ပေါင်းစုံစက်မှုဇုန်ကို Batang Industropolis SEZ အဖြစ် အသွင်ကူးပြောင်းခဲ့ကြောင်း သိရပါသည်။ အစိုးရသည် ထို SEZ သည် အလုပ်အကိုင်အခွင့်အလမ်း ၅၈၁၄၅ ဦးခန့်အပ်နိုင်ကာ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၄.၅၉ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ SEZ များတည်ထောင်ခြင်းသည် စီးပွားရေးကြီးထွားမှု၏ ဗဟိုချက်များအဖြစ်ဖန်တီးရန် အင်ဒိုနီးရှားအစိုးရ၏ မဟာဗျူဟာမြောက်မူဝါဒ ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် အကောက်ခွန်နှင့် ပြည်တွင်းအခွန်မက်လုံးများနှင့် ပါမစ်နှင့် လိုင်စင်ထုတ်ပေးမှုဖြေလျှော့ ပေးခြင်းတို့ပါဝင်သည့် များစွာသော ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေး မဟုတ်သည့် မက်လုံးများ ပံ့ပိုးပေးကြောင်း သိရှိရပါသည်။
Antara News
DOCA(ရန်ကုန်)