နီပေါနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ၈ လအတွင်း လျှပ်စစ်ကားတင်သွင်းမှု ၁၉.၆ ရာခိုင်နှုန်း မြင့်တက်လာ

Powered by Drupal

           နီပေါသည် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၈ လတာ ကာလအတွင်း လျှပ်စစ်ကား ၁၉.၆ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း အစိုးရ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

           နီပေါနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ၂၀၂၅ ခုနှစ် မတ်လလယ်အထိ လျှပ်စစ်လေးဘီး တပ်ယာဉ် ၈၇၇၅ စီး တင်ပို့ခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်အလားတူကာလတွင် ၇၀၅၂ စီးရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

           စုစုပေါင်း တင်သွင်းမှုတွင် တရုတ်နိုင်ငံမှ ၆၈၈၃ စီးနှင့် အိန္ဒိယမှ ၁၈၅၆ စီးပါဝင်သည်။ အဆိုပါ ကာလအတွင်း နီပေါသည် လျှပ်စစ်သုံးဘီးတပ်ယာဉ် ၁၂၈၉၅ စီးနှင့် နှစ်ဘီးတပ်ယာဉ် ၆၉၇၅ စီး တင်သွင်းခဲ့ကြောင်း အေဂျင်စီကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)