ဗီယက်နမ်၏ ကော်ဖီတင်ပို့မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း ၂၆.၂ ရာခိုင်နှုန်း မြင့်တက်လာ

Powered by Drupal

            ဗီယက်နမ်ကော်ဖီတင်ပို့မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ် ပထမနှစ်လတွင် ၂၆.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပို့ကုန်ပမာဏ ၂၈.၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်ဇန်နဝါရီလမှ‌ ဖေဖော်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံသည် ကော်ဖီ တန်ချိန် ၂၈၄,၀၀၀ တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅၈ ဘီလီယံ ရရှိခဲ့ကြောင်းသိရသည်။ ကော်ဖီလုပ်ငန်းကို ထူးထူးခြားခြား ရလဒ်များရရှိအောင် ကူညီပေးသည့် အဓိကအကြောင်းအရင်း တစ်ခုမှာ ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းပင်ဖြစ်သည်။ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတွင် ပျမ်းမျှ ကော်ဖီ တစ်တန်လျှင် ဒေါ်လာ ၅,၅၇၄.၅ သို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဗီယက်နမ်သည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှု ဒေါ်လာ ၆ ဘီလီယံ အထိ ရှိရန်ရည်မှန်းထားကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)