
ပါကစ္စတန်နိုင်ငံသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ ၈ လဖြစ်သော ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ်ဇွန်လအတွင်း ဖိနပ်တင်ပို့မှုသည်ပြီးခဲ့သည့် ၂၀၂၄ ဘဏ္ဍာနှစ်၏ ဇူလိုင်-ဇွန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁၅.၄၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ပါကစ္စတန်နိုင်ငံစာရင်းအင်း ဗျူရို (PBS) ၏ မတ်လ ၂၀ ရက်နေ့က ပြောကြားချက်အရသိရသည်။
လက်ရှိ ၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ၈ လတာကာလအတွင်း ဖိနပ်များကို အမေရိကန်ဒေါ်လာ ၁၂၆.၄၁ သန်းဖိုး တင်ပို့ခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် အခြေခံအားဖြင့် ဖိနပ်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၁.၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၁၆.၉၈ သန်းရှိသည်။
သို့သော်လစဉ် အခြေခံအရ ဖိနပ်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတွင် ၉.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း PBS ၏ဖော်ပြချက်အရ သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)