
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ လယ်ယာထွက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနေနှင့် အရေးကြီးသော တိုးတက်မှုတစ်ခုအဖြစ် ဖူးစားပြောင်း တင်ပို့ရောင်းချမှု တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ငပုတောမြို့နယ်ဒေသခံ လယ်ယာထွက် ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တို့၏ ထုတ်ဖော်ပြောကြား ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖူးစားပြောင်း အဖူးရေ အများအပြားကို တင်ပို့ရောင်းချနိုင်ခဲ့ တယ်လို့ သိရှိရပါတယ်။ စစ်တမ်းအရ ဇန်နဝါရီလအတွင်းတွင် တင်ပို့ရောင်းချနိုင်ခဲ့သည့် ဖူးစားပြောင်းအဖူးရေမှာ ၈၅၀၀၀ ခန့်သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အတွင်းတွင် တင်ပို့ရောင်းချမှုအားကောင်းလာကာ အဖူးရေ ၁၉၅၀၀၀ ထိရောက်ရှိခဲ့သည်ဟု သိရသည်။ ဤအခြေအနေသည် ရန်ကုန်ဈေးကွက်တွင် ငပုတောဒေသထွက် ဖူးစားပြောင်းအပင်များအပေါ် ဝယ်ယူမှုတိုးတက်လာမှုကြောင့်ဖြစ်သည်ဟု အဆိုပါပွဲရုံပိုင်ရှင်များက သုံးသပ်ထားတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖူးစားပြောင်း တင်ပို့ ရောင်းချမှု တိုးလာခြင်းသည် ဒေသခံစိုက်ပျိုးသူများနှင့် ကုန်သည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများတိုးလာစေပြီး ဒေသစီးပွားရေးအပေါ်လည်း အကျိုးသက်ရောက်မှု မြင်သာ လာစေပါ တယ်။ လတ်တလောတွင် ငပုတောမြို့နယ်ရှိ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ဖူးစားပြောင်းများကို လက်ခံဝယ်ယူပြီးနောက် ရန်ကုန်ဈေးကွက်သို့ ပြန်လည်တင်ပို့ဖြန့်ဖြူးရောင်းချနေကြပါတယ်။ စျေးနှုန်းအနေနှင့်လည်း ဖူးစားပြောင်းအဖူး ၁၀၀ ရေသည် ငွေကျပ် ၂၉,၅၀၀ မှ ၃၃,၀၀၀ အတွင်းရှိကြောင်း သိရပါတယ်။
DOCA(ဧရာဝတီ)