ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော အာလူးသီးဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကား ကုန်သည်များမှ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော အာလူးသီးဈေးနှုန်းများမှာ အာလူးသီးအလုံးကြီး(၁)ပိဿာ လျှင် ၄၅၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း ၊ ယခင်ပတ်ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက အာလူးသီးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)