“သရက်ကင်းများထွက်ပေါ်ပြီးဈေးကောင်းရရှိ”

Powered by Drupal

          ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော သရက်သီးနှံကိုလည်း အများဆုံး စိုက်ပျိုးလာကြပါသည်။ ရာသီချိန် သရက်ကင်းများသည် နှစ်စဉ် ဇန်နဝါရီလတွင် စတင်ထွက်ပေါ်ပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်၍ သရက်ကင်းများကို စဉ့်ကိုင်မြို့နယ် အတွင်းရှိ ဈေးများတွင် ရောင်းချကြကြောင်း၊ ရောင်းချရာတွင် လက်ကားဈေး အနေဖြင့် သရက်ကင်း (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် သရက်ကင်း (၁၀)ကျပ်သားလျှင်(၁၃၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းသည်များမှလည်း အထုပ်လေးများ ထုပ်၍ တစ်ထုပ်လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ဈေးကွက်ထဲတွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း၊ အညာဒေသထွက် သရက်ကင်းများသည် စားကောင်းသော သရက်ကင်းမျိုးများ ဖြစ်သောကြောင့် ဈေးကောင်းရရှိပြီး ဈေးကွက်ထဲတွင်လည်း အရောင်းသွက်၍ စားသုံးသူ အကြိုက်များသောကြောင့် ရာသီချိန် သရက်ကင်းရောင်းချသူများ ဈေးကောင်းရရှိပြီး  မိသားစုအပိုဝင်ငွေရရှိသောကြောင့် သရက်သီးနှံကို မိမိခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)