သရက်သီးပိုးတီ

Powered by Drupal

          မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ်သရက်သီးများကို နှစ်စဉ်မတ်လမှစတင်၍ သရက်သီးပိုးတီများပြုလုပ်၍ ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

          သရက်သီးပိုးတီပြုလုပ်မှုအနေဖြင့် သရက်သီးများကို ဓားဖြင့်လှီး၍ဆားသိပ်ပြီး စဉ့်အိုး များတွင်ထည့်ကာတစ်ရက်နှစ်ရက်ခန့် ထားသိုပြီးနောက်စားသုံးနိုင်ပါကြောင်း၊ သရက်သီးစိမ်း တစ်တင်းလျှင် သရက်သီးပိုးတီပြုလုပ်ပါက ပိဿာချိန်(၁၈)ပိဿာခန့် ရရှိနိုင်ကြောင်း၊ လုပ်သားခ အနေဖြင့် တစ်ပိဿာလျှင်(၂၀၀)ကျပ်ရရှိပြီး တစ်ဦးလျှင်တစ်ရက်ကို ပိဿာချိန်(၅၀)ခန့်ရရှိကြောင်း၊ အမျိုးသမီးများ အများဆုံးလာရောက်လုပ်ကိုင်ကြကြောင်း၊ သက်ရက်သီးပိုးတီကို ရင်ကွဲသီးကို အများဆုံးပြုလုပ်ကြပြီး၊ ရန်ကုန်တိုင်းဒေသကြီးဘက်မှ ဝင်ရောက်ကြောင်းနှင့် သရက်သီးပိုးတီများ ပေါ်ဦးပေါ်စဖြစ်၍ တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဝန်းကျင် များရှိ ကြောင်း မြင်းခြံမြို့ရှိ ဈေးသည်များထံမှသိရသည်။

DOCA(မန္တလေး)