
ဒလမြို့နယ် ၊ မတ်လ (၂၄) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကမာဆစ် စည်ပင်သာယာဈေး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောပွဲကို မတ်လ (၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကမာကဆစ် စည်ပင်သာယာဈေးတာဝန်ခံရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကုန်စုံဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီး ဌာန မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရေးအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်သုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)