မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သည့်အလျောက် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိပါသည်။ သီးနှံမျိုးစုံစိုက်ပျိုးသည့်အနက် ထောပတ်ပဲသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ဆောင်းထောပတ်ပဲစိုက်ဧက (၁၆၀)ဧက စိုက်ပျိုးထားရှိပြီး (၁၆၀)ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ထောပတ်ပဲစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀/-)ကျပ် ကုန်ကျခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် အထွက်စုစုပေါင်း (၉-၁၀)တင်းခန့် ထွက်ရှိကြောင်း ၊ ဆောင်းထောပတ်ပဲ သီးနှံကို ခင်လည်၊ ကျီတိုင်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ထောပတ်ပဲ(ကြီး) (၉၅၀၀၀/-)ကျပ်၊ ထောပတ်ပဲ(လတ်) (၉၀၀၀၀/-)ကျပ် ၊ ထောပတ်ပဲ(သေး) (၈၃၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ပွဲရုံးများသို့ တိုက်ရိုက်ရောင်းချကြပြီး၊ ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေး မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထောပတ်ပဲကို လူကြိုက်များကြောင်း၊ ထောပတ်ပဲ စားသုံးခြင်းဖြင့် အရိုးတွေသန်မာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုကျစေခြင်း၊ ဆံသားကျန်းမာစေခြင်း စသည့် အကျိုးကျေးဇူးများရှိကြောင်း၊ ဈေးကွက်ဝယ်လိုအားရှိပြီး တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်၊လုပ်သားခ နှုတ်ပြီးပါက(၆၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ အကျိုးအမြတ်ဖြစ်ထွန်းသော ထောပတ်ပဲသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)