ဗီယက်နမ်နိုင်ငံ Ba Ria-Vung Tau ပြည်နယ်တွင် ကြီးမားသည့်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြု

Powered by Drupal

          ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Tran Hong Ha ကစုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉၃.၃ သန်း ကျော်တန်ဖိုးရှိသော Long Son My Xuan General ဆိပ်ကမ်း စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒခွင့်ပြုချက် ကိုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုဆိပ်ကမ်းကို Ba Rai-Vung Tau ပြည်နယ်၊ Phu My မြို့ရှိ Thi Vai ဆိပ်ကမ်းဧရိယာတွင် ဆောက်လုပ်မည်ဖြစ်ပြီး အကျယ်အဝန်းမှာ ၄၁.၆၅ ဟတ်တာရှိမည်ဟု သိရပါသည်။ ထိုစီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံသူမှာ Long Son ကုမ္ပဏီလီမိတက်ဖြစ်သည်ဟု သိရပါသည်။ ဆောက်လုပ် ရသည့် ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းစဉ်များပံ့ပိုးပေးရန်၊ ပြည်နယ်နှင့် ပတ်လည်ဧရိယာ များအတွင်း စက်မှုဇုန်များ၏လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန်နှင့် ဒေသတွင်းဆောက်လုပ် ရေးပစ္စည်းများအတွက် ဝယ်လိုအားကြီးထွားလာမှုကိုဖြည့်စည်းပေးရန် ရည်ရွယ်ကြောင်း သိရ ပါသည်။ ထို့ပြင် စီမံကိန်းသည် ဒေသတွင်းစီးပွားရေးအခြေအနေအခွင့်အလမ်းများကို တိုးချဲ့ရန် နှင့် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန်လမ်းကြောင်းများကို ရှာဖွေသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တောင်ပိုင်းဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးသွားမည်ဟု သိရပါသည်။

DOCA(ရန်ကုန်)