
နည်းပညာမြင့် Chip များတရုတ်သို့တင်ပို့မှုအပေါ် အမေရိကန်၏စိုးရိမ်မှုများကြောင့် မလေးရှားက ဆီမီးကွန်ဒတ်တာစည်းမျဉ်းများကို တင်းကျပ်ရန်စီစဉ်နေကြောင်း သိရပါသည်။ အမေရိကန်က မလေးရှားအား Nvidia chip များ ၎င်းတို့၏ဦးတည်ရာနေရာသို့ ရောက်ရှိမှု သေချာစေရေးအတွက် ခြေရာကောက်ရန် တောင်းဆိုခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီး Zafrul Aziz က ပြောကြားခဲ့ပါသည်။ ထိုထုတ်ပြန်ချက်သည် အမေရိကန်က တရုတ် AI လုပ်ငန်း DeepSeek က ကန့်သတ်ထားသည့် အမေရိကန်လုပ် chip များအား အသုံးပြုမပြုနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် မလေးရှား သည် စင်ကာပူတွင်ဖြစ်ပွားခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၃၉၀ တန်ဖိုးရှိ လိမ်လည်မှုနှင့် ချိတ်ဆက်သည့် အမေရိကန်တင်ပို့မှုထိန်းချုပ်ထားသည့်အဆင့်မြင့် chip များပါဝင်သော server တင်ပို့မှုနှင့်ပတ်သတ်သည့် ဥပဒေချိုးဖောက်မှုအပေါ် ပြန်လည်ဆန်းစစ် လျှက်ရှိကြောင်း သိရပါ သည်။ Nvidia သည် မှတ်ချက်ပြုရန်တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သိရပါသည်။
DOCA(ရန်ကုန်)