“မြုပ်ခရမ်းသီးဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်း သီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါသည် ။ ခရမ်းသီးမျိုးအနေဖြင့် 555 ခရမ်းသီးမျိုးနှင့် အလုံးသေးမြှပ်ခရမ်းကို စိုက်ပျိုးကြပါသည်။ အများဆုံး စိုက်ပျိုသော ကျေးရွာများမှာ အင်ရောင်း၊ မြောင်းဘောင်နှင့်ကျောင်းကုန်းကျေးရွာများဖြစ်ပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ နှစ်လခွဲ၊သုံးလခွဲအချိန်တွင် စတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင် ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် အလုံးသေးမြှပ်ခရမ်းမှာ ပိဿာ(၃၅၀-၄၀၀)ခန့် ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၃-၄)လခန့်အထိရှိပြီး ခူးဆွတ်နိုင်ကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၇၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း၊ အထွက်စုစုပေါင်း ပိဿာ(၄၈၀၀-၅၀၀၀)ထိ ထွက်ရှိကြောင်း၊ ယခုလက်ရှိဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် (၃၀၀/-)ကျပ်၊ လက်လီဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်  (၅၀၀/-)ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ကုန်စိမ်းပွဲစားများမှ စိုက်ခင်းများအထိလာရောက်ဝယ်ယူသည့်အတွက် ကုန်ကျစရိတ် သက်သာကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတူညီကြောင်း ၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း ၊ ကျေးရွာစိုက်ခင်း များမှဝယ်ယူလာသော မြှပ်ခရမ်းသီးများကို ရန်ကုန်၊မန္တလေးမြို့ကြီးများသို့ ရောင်းချကြကြောင်း အထွက်နှုန်းနှင့်ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ခရမ်းသီး စိုက်ပျိုးသောတောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)