နွေပဲသီးစျေးကွက်

Powered by Drupal

           မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းအစိုစျေးကွက်တွင်ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ စားတော် ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ  နွေပဲသီးများ မတ်လတတိယပတ်အတွင်း ဝင်ရောက်လျက်ရှိပါသည်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ် မတ်လတတိယပတ်အတွင်း ကုန်စိမ်းသီးနှံပဲအစို မျိုးစုံဝင်ရောက်လျက်ရှိပြီး၊  နွေပဲသီးပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင်  ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်တို့ဖြင့် အရောင်း သွက်လျက်ရှိကြောင်း သိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ခုနှစ် မတ်လတတိယပတ်အတွင်း  ပဲစိမ်းအစိုမျိုးစုံ အပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)