
မန္တလေးကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း ပန်းဂေါ်ဖီစိမ်းများ ဝင်ရောက်မှုနည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ မန္တလေးဒေသ ပတ်ဝန်းကျင်ဖြစ်သည့် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်ဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းသည် ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက်အမယ် တစ်မျိုးဖြစ်ပြီး၊ အမျှင်ဓါတ်၊သတ္တုဓါတ်နှင့် ဗီတာမင်များနှင့် Antioxidants များကြွယ်ဝခြင်းတို့ ကြောင့်ကျန်းမာရေးအတွက်အကျိုးပြုသောဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ပန်းဂေါ်ဖီ ပွင့်စိမ်း မှာ မန္တလေးကုန်စိမ်း စျေးကွက်အတွင်း ၂၀၂၅ ခုနှစ် မတ်လတတိယပတ်အတွင်း ပန်းဂေါ်ဖီပွင့် စိမ်းလက္ကားစျေးမှာ တစ်ခုလျှင် ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/- စျေး၊လက်လီစျေးမှာ ၁၇၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ပန်းဂေါ်ဖီစိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး၊ အရောင်းသွက်လျှက်ရှိသည့်ဟင်းသီးဟင်းရွက် အမယ်တစ်မျိုး ဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်းဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Canter (၆) ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)