တောင်အာဖရိကနှင့်အိန္ဒိယ တို့သည်ပညာရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေး တိုးချဲ့ရေးအတွက် ဆွေးနွေး

Powered by Drupal

တောင်အာဖရိကနိုင်ငံ၏ ပရီးမီးယား “ပီတာမလီနာအူစကတ်” သည် အိန္ဒိယနိုင်ငံသို့ သွား ရောက်ပြီး ပညာရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးတက်အောင်မြင်စေရန် ရည်ရွယ် သော အစီအစဉ်များအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ်သည် တောင်အာဖရိကနှင့် အိန္ဒိယတို့အကြား ပညာရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ တောင်အာဖရိကအတွင်းရှိ နိုင်ငံတကာကျောင်းသားအုပ်စု များထဲတွင် အိန္ဒိယကျောင်းသားများသည် အကြီးဆုံးအုပ်စုတစ်ခုအဖြစ် ရပ်တည်နေပြီး၊ ဒေသတွင်း ပညာရေးကဏ္ဍနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တာဝန်ခံအဖွဲ့တစ်ခု လည်း ဖြစ်ပါတယ်။

အဆိုပါပူးပေါင်းဆောင်ရွက်မှုများမှတဆင့် တောင်အာဖရိကနှင့် အိန္ဒိယတို့သည် ပညာရေး နယ်ပယ်အပြင် ကုန်သွယ်ရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုလည်း တိုးချဲ့နိုင် မည်ဟု ခန့်မှန်းရကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)