
တရုတ်အစိုးရသည် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းနှင့် တခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် မူဝါဒအသစ်များကို အသုံးချလျက်ရှိပါတယ်။ ဤမူဝါဒ များသည် တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုမိုအဆင်ပြေသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ရည်ရွယ်ထားပါတယ်။
တရုတ်အစိုးရသည် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက် အခွန်လျှော့ ချမှုများ (Tax Incentives) ပြုလုပ်ခြင်း၊ စီးပွားရေးဇုန်အသစ်များဖွင့်လှစ်ခြင်း (New Economic Zones)၊ ထုတ်လုပ်ရေး နည်းပညာမြှင့်တင်ခြင်း (Technology Upgrade in Manufacturing) နှင့် စီးပွားရေးနှင့် သက်ဆိုင်သောဥပဒေများတိုးတက်ဆောင်ရွက်ခြင်း (Improved Business Laws and Regulations) စသည်တို့ကို အလေးထားလုပ်ဆောင်လျက်ရှိပါတယ်။ တရုတ်နိုင်ငံသည် လူဦးရေး များပြီးဈေးကွက်ကြီးသည့်အတွက် နိုင်ငံခြားကုမ္ပဏီတွေ က ရင်းနှီးမြှုပ်နှံ ချင်လာကြပြီး နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါသော ဈေးကွက်တစ်ခုဖြစ်နေသည်။ ထို့ကြောင့် ရင်းနှီး မြှုပ်နှံမှု များအတွက် ပိုမိုကောင်းမွန်သောအခွင့်အလမ်းများရရှိစေရန် ပိုသင့်တော်အောင် မူဝါဒတွေ ပြုလုပ်နေ တာကြောင့် ဖန်တီးရရှိမည်ဟု စီးပွားရေး အခွင့်အလမ်းတွေ တိုးလာ မယ်လို့လည်း ခန့်မှန်းထား ကြပါ တယ်။
DOCA(ဧရာဝတီ)