
အမေရိကန်နိုင်ငံတွင် လက်ရှိအခြေအနေအရ စီးပွားရေးတင်းမာလာမှုများ ပေါ်ပေါက်နေပြီး၊ ၎င်းအခြေအနေကို ဖြစ်ပေါ်စေသောအဓိကအကြောင်းအရင်းမှာ အမေရိကန်ငွေကြေးစီမံရေးအဖွဲ့ (Federal Reserve – Fed) မှ ဘဏ်အတိုးနှုန်းများကိုမြှင့်တင်လိုက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အတိုးနှုန်း မြင့်မားလာခြင်းကြောင့် ဘဏ်မှချေးငွေရယူသူများ နည်းပါးလာခြင်း၊ ဘဏ်ချေးငွေကြောင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲမှု လျော့နည်းလာခြင်း၊ ရင်းနှီးမြုပ်နှံမှု နှင့် စီးပွားရေးလုပ်ငန်းများ စတင်ခြင်း တို့အား မလုပ်ကိုင်တော့ခြင်း စသည့် ပြသနာများ ဖြစ်ပွားလာပါတော့တယ်။
အမေရိကန်ငွေကြေးစီမံရေးအဖွဲ့ Fed ၏ အဆိုပါ ဘဏ်တိုးနှုန်းမြှင့်တင်သော မူဝါဒသည် ငွေကြေးဖောင်းပွမှုများ (Inflation) ကိုထိန်းချုပ်ချင်သောကြောင့်လုပ်ဆောင်ခြင်းဖြစ်သော်လည်း၊ တကယ်တမ်းတွင် စားသုံးကုန်များ၊ ဝတ်စား ထည်အမျိုးမျိုးတို့၏ ဈေးနှုန်းများမှာဟာ အတိုးနှုန်းမြင့် တက်သလိုပဲ ဈေးနှုန်းများမှာ ဆက်တက် နေဆဲဖြစ်သည့်အတွက် အမေရိကန်၏ စီးပွားရေးဟာ တည်ငြိမ်တဲ့ဘက်ကို ပြန်လည် မရောက်ရှိ နိုင် သေးတာ တွေ့ရပါတယ်။
အတိုးနှုန်းမြင့်တက်လိုက်တဲ့အတွက် လူများသည် ကားအသစ်ဝယ်ခြင်း၊ အိမ်သစ်ဝယ်ခြင်း နှင့် ခရီးသွားခြင်းများကို မလုပ်တော့ဘဲ အသုံးစရိတ်များ လျော့ချလာတဲ့အတွက် စီးပွားရေးလုပ်ငန်း အဆင့် အတန်းများစွာ ကျဆင်းမှုများ ဖြစ်ပေါ်လာပါတော့တယ်။
အိမ်ဝယ်ရန်အတွက် ချေးငွေ(Mortgage Loan) များမှာလည်း အတိုးနှုန်းတက်လာတဲ့အတွက်
အိမ်ခြံမြေဈေးကွက်များကိုသက်ရောက် မှုများရှိလာသကဲ့သို့ စီးပွားရေးအသစ်တစ်ခုစတင်ဖို့ ကြံရွယ် နေကြတဲ့ အသေးစားလုပ်ငန်းလေးတွေကလည်း ချေးငွေရယူရန် အခက်အခဲ ဖြစ်လာသောကြောင့် ဖွံ့ဖြိုးမှု မရှိတော့ဘဲ ရပ်တန့်နေတာတွေ ဖြစ်ပေါ်နေတဲ့အတွက် အမေရိကန်နိုင်ငံ၏ စီးပွားရေးဟာ ဖိအား များစွာဖြင့် ရင်ဆိုင်နေရကြောင်းကို ရှာဖွေစုဆောင်း ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)