တရုတ်အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးအစီအစဉ်များ ဆောင်ရွက်

Powered by Drupal

အာရှ၏အကြီးဆုံးစီးပွားရေးနိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခု အချိန်တွင် စီးပွားရေးတိုးတက်ရေးအတွက် အရေးကြီးဆုံးအဆင့်များကို တစ်ဆင့်ခြား လုပ်ဆောင်လာ နေပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း တရုတ်စီးပွားရေးသည် အနည်းငယ်ရော့ရွဲလာဖြင့် အစိုးရသည် ထောက်ပံ့ရေးမူဝါဒများကို အိမ်ခြံမြေလုပ်ငန်း နှင့် ပို့ကုန်လုပ်ငန်း ကဏ္ဍများအပေါ် ပိုမိုအာရုံစိုက်၍ ဆောင်ရွက် လျက်ရှိတာကိုလည်း တွေ့လာရပါတယ်။

အဆိုပါ ကဏ္ဍ(၂)ခုအနက် အိမ်ခြံမြေလုပ်ငန်းကဏ္ဍကို အရင်ရှင်းလင်းတင်ပြရမည်ဆိုရင်တော့ တရုတ်နိုင်ငံတွင် အိမ်ခြံမြေစျေးကွက်သည် ယခင်နှစ်များကဲ့သို့ တက်ကြွမှုမရှိတော့ဘဲ အနည်းငယ် ငြိမ်သက် လာကာ ရောင်းဝယ်မှုနည်းလာခြင်း၊ ဆောက်လုပ်မှုလုပ်ငန်းများ ရပ်တန့်ခြင်း ထားရခြင်း စသည်တို့ကြောင့် အစိုးရသည် ချေးငွေပိုင်းဆိုင်ရာဖြေလျှော့မှု (loan easing measures) များကို အသုံးပြုလာခဲ့ပါတယ်။ အဆိုပါမူဝါဒတွင် ချေးငွေအတိုးနှုန်း လျှော့ချခြင်း၊ ချေးငွေအရယူမှု လွယ်ကူ အောင်လုပ်ခြင်း နှင့် အချို့သောချေးငွေများအတွက် ပေးချေရန် ကာလတိုးပေးခြင်း တို့ကို ဦးစားပေး ထည့်သွင်းထားပါတယ်။ ချေးငွေအတိုးနှုန်းများ လျောချ့ခြင်းသည် ချေးငွေရယူလိုသူများ အတွက် ပိုမိုအဆင်ပြေစေပြီး အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူသူအရေအတွက် တိုးလာစေနိုင်သဖြင့် စီးပွားရေး အမြန်ပြန်ကောင်းလာနိုင်ခြေလည်းရှိပါတယ်။ ထို့အပြင် ချေးငွေအရ ယူမှုလွယ်ကူအောင် လုပ်ခြင်းသည် လည်း အရေးကြီးသောအဆင့်တစ်ခုဖြစ်ပြီး အိမ်ဝယ်သူများနှင့် ဆောက်လုပ်ရေး လုပ်ငန်း များအတွက် ချေးငွေချေးနိုင်မှု ပိုမိုရရှိနိုင်လာခြင်းကြောင့် စီးပွားရေးစဉ်ဆက်မပြတ်အားကောင်း လာ နိုင်စေပါတယ်။ အချို့သောချေးငွေများအတွက် ပေးချေရန်ကာလ တိုးပေးခြင်းကိုပါ အသုံးပြုလာခြင်းသည် ရင်းနှီး မြှုပ်နှံသူများအတွက် စီးပွားရေးဖိအားကို လျော့ချပေးပြီး လုပ်ငန်းအသစ်များ စတင် ဖွင့်လှစ်ရန်အတွက် အားဖြည့်ပေးစေပါတယ်။ အိမ်ခြံမြေဈေးကွက်သည် တရုတ်စီးပွားရေး၏ အရေးကြီး ဆုံးအင်ဂျင် တစ်ခုဖြစ်သည့်အတွက် အစိုးရမှပြုလုပ်သော အဆိုပါချေးငွေပိုင်းဆိုင်ရာ ဖြေလျှော့မှု (loan easing measures) များသည် စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှုများရှိလာမည်ဟု မျှော်မှန်း နေကြပါတယ်။

ထို့အပြင် တရုတ်အစိုးရသည် ဒုတိယ ကဏ္ဍဖြစ်တဲ့ပို့ကုန်လုပ်ငန်းများကိုမြှင့်တင်ရန် ရန်ပုံငွေ သုံးစွဲမှုအပြင် ဘဏ္ဍာရေးမူဝါဒများတွင်လည်း ပြောင်းလဲမှုများ ဆောင်ရွက်လာခဲ့ပါတယ်။ အဆိုပါ ပြောင်းလဲမှုများအနက် တွင် အရေးကြီးဆုံးအနေဖြင့် တရုတ်ငွေ (Yuan) အတိုးနှုန်းကို အနည်းလျော့ချ လိုက်ခြင်းပင် ဖြစ်ပါတယ်၊  ယင်းကဲ့သို့အတိုးနှုန်းလျော့ချလိုက်ခြင်းအတွက် နိုင်ငံခြားဈေးကွက်များတွင် တရုတ်ကုန်ပစ္စည်းများကို ပိုမိုစျေးချိုစေပြီး ပို့ကုန်လုပ်ငန်းများအတွက် ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင် ပေးနိုင်မည် ဖြစ်ပါတယ်။ တရုတ်ငွေ (Yuan)  တန်ဖိုးကျလာသည်နှင့်အမျှ တရုတ်ထုတ်ကုန် များသည် နိုင်ငံတကာ ဈေးကွက်များတွင် ပိုမိုတန်ဖိုးရှိလာကြသည်။ ထိုသို့တန်ဖိုးကျခြင်းသည် တင်ပို့လုပ်ငန်း များအတွက် အားသာချက်တစ်ရပ်ဖြစ်လာပြီး ကုန်သွယ်ရေးဝင်ငွေများ တိုးတက်လာနိုင်သည်။ အလား တူပင် ထုတ်လုပ်မှုလုပ်ငန်းများတွင်လည်း ကုန်ပစ္စည်းအော်ဒါများတိုးလာခြင်းကြောင့် အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုဖန်တီးနိုင် မည်ဟုလည်းသုံးသပ်ရပါတယ်။

တရုတ်အစိုးရမှ ထုတ်ပြန်ထားသောမူဝါဒများသည် ယာယီတုံ့ပြန်မှုမဟုတ်ဘဲ ရေရှည် အကျိုး ရှိသော မူဝါဒလမ်းညွှန်ချက်များဖြစ်ပါတယ်။ အဆိုပါမူဝါဒ လမ်းညွှန်ချက်များမှာ ချမှတ်ထားသည်မှာ မကြာသေးသည့်အတွက် သက်တမ်းတိုအတွင်းတွင် မျှော်လင့်ထားသလို အကျိုးသက်ရောက်မှုများ မမြင်ရသော်လည်း ရေရှည်တွင်ယင်းမူဝါဒများသည် တရုတ်စီးပွားရေးအတွက် အခြေခံအင်အား ဖြစ်လာ နိုင်သည်ဟု သုံးသပ်ရပါတယ်။

DOCA(ဧရာဝတီ)