စီးပွားရေးလမ်းသစ်ဖွင့်နိုင်ဖို့အတွက် တရုတ် နှင့် ဥရောပ တို့၏ အတိုးနှုန်း လျော့ချနိုင်ခြေ လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးသည် ဖိအားတွေကြားမှာ လှုပ်ရှားနေရသည့်အတွက် တချို့ဒေသတွေမှာ စီးပွားရေးတည်ငြိမ်မှုတွေ မရှိသေးတာကြောင့် ငွေရေးကြေးရေးအုပ်ချုပ်ရေး အဖွဲ့

Powered by Drupal

လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးသည် ဖိအားတွေကြားမှာ လှုပ်ရှားနေရသည့်အတွက် တချို့ဒေသတွေမှာ စီးပွားရေးတည်ငြိမ်မှုတွေ မရှိသေးတာကြောင့် ငွေရေးကြေးရေးအုပ်ချုပ်ရေး အဖွဲ့ အစည်းတွေဟာတုန့်ပြန်မှုတွေ ပြုလုပ်နေကြရပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ဥရောပ ဒေသတွေမှာ အတိုးနှုန်းလျော့ချနိုင်ခြေများလာနေတာဟာ ဈေးကွက်တွေမှာ စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်တဲ့အတွက် ၎င်းနိုင်ငံအတွင်း ရှိတဲ့ မည်သည့် မူဝါဒပြောင်းလဲမှုမဆို ကမ္ဘာ့ဈေးကွက်ကို သက်ရောက်မှုရှိစေပါတယ်။ လတ်တလောတွင် တရုတ်၌ အိမ်ခြံမြေဈေးကွက်ကျဆင်းခြင်း၊ လူသုံးကုန်အသုံးပြုမှုနည်းခြင်းနဲ့ ထုတ်လုပ်မှုနည်း လာတာတွေဟာ စီးပွားရေးအတွက် ယိုင်နဲ့မှုအနည်းငယ်ရှိလာတာကြောင့် People’s Bank of China (PBoC) ဟာ ဘဏ်အတိုးနှုန်းတွေ လျော့ချဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဘဏ်တိုးနှုန်း လျော့ ချခြင်းက ရင်းနှီးမြှုပ်နှံမှုအတွက် အားဖြည့်မှုတစ်ခုဖြစ်လာနိုင်သကဲ့သို့ လူတွေဟာလည်း အတိုးနည်းတဲ့ အခါမှာ ချေးငွေနဲ့ အိမ်၊ ကား၊ စားသုံးကုန် စသည်ဖြင့် ပစ္စည်းဝယ်ဖို့ လွယ်ကူလာကြတဲ့အခါ စီးပွားရေးထဲ ရေးတွေ ကောင်းမွန်စွာ လည်ပတ်နိုင်မည် ဖြစ်ပါတယ်။

ဥရောပဒေသမှာလည်း ယနေ့ခေတ်စီးပွားရေးအတွက် ထူးခြားသောပြဿနာ တစ်ခုဖြစ် ပေါ်နေ ပါတယ်။ အဲ့ဒါကတော့ ဥရောပမှာ ငွေကြေးဖောင်းပွမှုနှုန်းများ လျော့နည်းသွားသော်လည်း စီးပွားရေး ကတိုးတက်လာမှုမရှိသေးပါဘူး။ သာမန်အားဖြင့် ငွေကြေးဖောင်းပွမှုနှုန်း ကျရင် စီးပွားရေး ပြန်လည်တိုးတက်လေ့ရှိသော်လည်း ဥရောပမှာ ယခုချိန်ထိ စီးပွားရေး တိုးတက်လာမှု မရှိသေးတောပါ။ အဲ့တာ မဖြစ်သေးဘူး။ အထူးသဖြင့် ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံတွေဖြစ်တဲ့ Germany နဲ့ France တို့လို နိုင်ငံတွေမှာ အလုပ်အကိုင်ဖန်တီးမှုနည်းလာခြင်း နှင့် စက်မှုထုတ်လုပ်မှုတွေ ကျဆင်း တာတွေ မှုတွေဖြစ်ပေါ်နေဆဲဖြစ်တာကြောင့် European Central Bank (ECB) အနေနဲ့လည်း အတိုးနှုန်း လျော့ချဖို့ ဆောင်ရွက်နေနိုင်ပါတယ်။ အတိုးနှုန်းလျော့ချမယ်ဆိုတာဟာ သာမန်ပြောရရင် ဘဏ်တွေကပိုချေးလွယ်ပြီး လူတွေကလည်း ပိုအသုံးစွဲမယ်ဆိုတဲ့အတွေးပါ။ ဒါက စီးပွားရေး အရှိန်ပြန်ရဖို့ တစ်ခုသောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

တရုတ်နဲ့ ဥရောပမှာ အတိုးနှုန်း လျော့နိုင်တယ်ဆိုတဲ့ သတင်းတွေဟာ stock market, bond market, foreign exchange market တွေမှာ အနည်းငယ်လှုပ်ခတ်မှုလေးတွေကတော့ ရှိလာနေပြီ ဖြစ်ပါတယ်။ ဈေးကွက်ဆိုတဲ့သဘောက တကယ်ဖြစ်လာတာထက် “ဘာဖြစ်နိုင်လဲ” ဆိုတာ ကြိုတင် မျှော်တွေးပြီးဆောင်ရွက်တက်ရတာမို့ အတိုးနှုန်းလျော့မယ်ဆိုတာက ရင်းနှီးမြှုပ်နှံသူတွေအတွက် ကောင်းသောပြောင်းလဲမှုမျိုး ဖြစ်လာနိုင်တယ် လို့လည်း သုံးသပ်နေကြပါတယ်။

DOCA(ဧရာဝတီ)