ဈေးကွက်အတွင်းရှိ အလေးချိန်မပြည့်မီသော Paris ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်းလဲလှယ်ခြင်း

Powered by Drupal

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်မှ ဝန်ထမ်းများသည် Pacific  Co.,Ltd မှ ဝန်ထမ်းများပူးပေါင်း၍  (၁၇-၆-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)ခန့်အချိန်တွင် မြောက်ဦးခရိုင် ၊မြောက်ဦးမြို့ မြို့မဈေးကြီးရှိ ဈေးဆိုင်များသို့ သွားရောက်၍ ‌အလေးချိန်လျော့နည်းသော PARIS ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်း လဲလှယ်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြောက်ဦးမြို့ မြို့မဈေးကွက်အတွင်းရှိ ဈေးဆိုင်(၁၆)ဆိုင်၌ ဆိုင်တင်ရောင်းချနေသော သတ်မှတ်အလေးချိန်မပြည့်မီသော PARIS ဆပ်ပြာခဲများအား ပြန်လည်သိမ်းဆည်းပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်နှင့် ကိုက်ညီသည့် PARIS ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)