မှော်ဘီမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

(၂၅.၃.၂၀၂၅)ရက်နေ့ နံနက်(၉:၃၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ မှော်ဘီမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်း ဆိုင်သို့  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မှော်ဘီမြို့မဈေးအတွင်းရှိ ဘီ(၂)၊ အခန်း(၄၃/၄၄) ဒေါ်အေးအေးမာ၏ လက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိရရှိသော ခွဲတမ်းများကို သတ်မှတ် ဈေးနှုန်းအပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါ ကြောင်း လက်ကျန်လည်း မထားရှိပါကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)