တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှုဈေးကွက်တွင် ဗီယက်နမ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ကျော်ဖြတ်

Powered by Drupal

   ဗီယက်နမ်နိုင်ငံသည် ပထမဆုံးကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှုတွင် ထိပ်ဆုံးနိုင်ငံအဖြစ် ဖိလစ်ပိုင်နိုင်ငံကို ကျော်လွန်နိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံသည် နှစ်(၂၀)တိုင်တိုင် အဆိုပါ ငှက်ပျောတင်ပို့သည့် ဈေးကွက်ကို ထိန်းထားနိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်က ဦးဆောင်မှု ရယူနိုင်ခဲ့ပါတယ်။ နိုင်ငံတကာကုန်သွယ်မှုစင်တာ (ITC) မှ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဗီယက်နမ်မှ ငှက်ပျော ၆၂၅၁၆၆ မက်ထရစ်တန် ဝယ်ယူခဲ့ပြီး၊ ဖိလစ်ပိုင်မှ ဝယ်ယူမှုမှာ ၄၆၃၃၀၆ မက်ထရစ်တန်သာဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှုပမာဏမှာ ၁၅ နှစ်တာကာလအတွင်း အနိမ့်ဆုံးပမာဏ ဖြစ်တယ်လို့လည်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။

DOCA(ဧရာဝတီ)