ယူကရိန်းအရေး နှင့် ဥရောပစီးပွားရေး

Powered by Drupal

     ဥရောပရှိ ယူရိုငွေသုံးစွဲနိုင်ငံများစုစည်းထားသော ယူရိုဇုန်(Eurozone)၏ စီးပွားရေးသည်  ဝန်ဆောင်မှုကဏ္ဍများကို အဓိကထားဆောင်ရွက်နေပြီး အဓိကအားဖြင့် ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်းထုတ်လုပ်မှုလုပ်ငန်း၊ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းနှင့် နည်းပညာဝန်ဆောင်မှုများ ကို ဦးစားပေးဆောင်ရွက်နေခဲ့ရာ ယခု ၂၀၂၅ ခုနှစ် မတ်လပိုင်းတွင် ယူရိုဇုန်(Eurozone)၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၁.၅% ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်း တင်ဆက်မှုများအရ သိရှိရပါတယ်။ ထို့အပြင် ယူကရိန်းတွင်လည်း အပစ်အခတ်ရပ်စဲမှုကြောင့် ဥရောပစီးပွားရေးသည် တည်ငြိမ်မှုကို ပြန်လည်ရရှိနေပါတယ်။ ပဋိပက္ခအဆုံးသတ်မှုသည် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကို မြှင့်တင်စေပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို တိုးတက်စေခဲ့ပါတယ်။ ထို့အပြင်၊ ယူကရိန်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ဥရောပ၏ အခြေခံအဆောက်အဦ တည်ဆောက်ရေး ကဏ္ဍများအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်နေပါတယ်။ ဤကဲ့သို့ ဥရောပနိုင်ငံအတွင်း၌ တည်ငြိမ်မှုသည် ဥရောပသမဂ္ဂ၏ ငွေကြေးမူဝါဒနှင့် တိုးတက်မှုစီမံချက်များကို ပိုမိုလုပ်ဆောင်နိုင်ရန် အခွင့်အရေးဖြစ်နိုင်ပြီး၊ ယူရိုဇုန်နိုင်ငံများ၏ စီးပွားရေးအသွားအလာကို ပိုမိုကောင်းမွန်စေနိုင်မည်ဟု ခန့်မှန်းရကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)