
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် တင်သွင်းလာသော မော်တော်ကားများနှင့်အချို့ သော မော်တော်ကားအစိတ်အပိုင်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ အဓိကကုန်သွယ်ဖက်များနှင့် စက်မှုလုပ်ငန်းခေါင်းဆောင်များထံမှ ပြင်းပြင်းထန်ထန်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ကြေငြာချက်သည် အမေရိကန် မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်း လေ့လာသုံးသပ် သူများထံမှ ချက်ချင်းတုန့်ပြန်မှု ထွက်ပေါ်လာပြီး စည်းကြပ်ခွန်များ ကောက်ခံမှုသည် ကားစျေးနှုန်းများ သိသိသာသာ တက်လာပြီး ကုန်ကျစရိတ်များ မြင့်တက်နေသည့် စားသုံးသူများကို ထိခိုက်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံတကာ မော်တော်ကားရောင်းဝယ်ရေးအသင်း၏ ဥက္ကဋ္ဌနှင့်စီအီးအို Cody Lusk က အခွန်စည်းကြပ်မှုသည် အမေရိကန်မိသားစုများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေ ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ "မော်တော်ယာဉ်ရောင်းချသူများနှင့် ၎င်းတို့၏ ဖောက်သည် များအတွက် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းစျေးနှုန်းများ မြင့်တက်လာခြင်းအပြင် အတိုးနှုန်းနှင့် အာမခံစရိတ်များ မြင့်မားခြင်းမှ တကျော့ပြန်ဖြစ်နေသော၊ အဆိုပါ အခွန်စည်းကြပ်မှုအသစ်များသည် ငွေကြေးတတ်နိုင်မှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်" ဟု Lusk က ပြောကြားခဲ့သည်။ အခွန်စည်းကြပ်မှုသည် ကုန်သွယ်မှုဆက်ဆံရေးကို ဟန်ချက် ညီစေပြီး အမျိုးသားလုံခြုံရေးကို အာမခံချက် ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင် ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ တိုးလာခြင်းသည်လည်း အမေရိကန်မိသားစု များ၏ ငွေကြေးကို ထပ်လောင်းဖိအားပေးလျှက်ရှိ ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ KPMG မှ အကြီးတန်းစီးပွားရေးပညာရှင် Kenneth Kim က သုတေသနပြုချက်တစ်ခုတွင် ယာဉ်အသစ်စျေးနှုန်းများသည် အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် အထက် တက်လာနိုင်ပြီး အချို့မှာ ဒေါ်လာ ၁၀၀၀၀ သို့မဟုတ် ထို့ထက်ပို၍တက်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။ အမေရိကန် ကုန်သည်ကြီးများအသင်းမှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဂျွန်မာဖီက အခွန်စည်းကြပ်မှုသည် အမေရိကန်မော်တော်ယာဥ်လုပ်ငန်းကို အထောက်အကူဖြစ်စေမည့်အစား ထိခိုက်နစ်နာစေမည်ဟု သတိပေးခဲ့သည်။ ကနေဒါတွင် ၀န်ကြီးချုပ် Mark Carney က အဆိုပါ အရေး ယူဆောင်ရွက်မှုအား ကနေဒါအလုပ်သမားများအား တိုက်ရိုက်တိုက်ခိုက်မှုဟု ရှုတ်ချခဲ့သည်။ ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွင်း Carney သည် ၎င်း၏အစိုးရ ဖြစ်နိုင်ချေရှိသော လက်တုံ့ပြန်ရေးအစီအမံများကို ရှာဖွေမည်ဟု ကတိပြုခဲ့သည်။ ယခင်က Carney သည် ပြည်တွင်းကုန်ထုတ် လုပ်မှုကို အားကောင်းစေပြီး အခွန်ကောက်ခံမှု၏သက်ရောက်မှုကို တန်ပြန်ရန် ကနေဒါဒေါ်လာ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ) တန်ဖိုးရှိ "မဟာဗျူဟာတုံ့ပြန်ရေးရန်ပုံငွေ" ကို ကြေညာခဲ့သည်။ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေးကွင်းဆက်များအပေါ် မှီခိုအားထားမှုကို လျှော့ချခြင်းဖြင့် ကနေဒါ၏ မော်တော်ယာဉ်ကဏ္ဍကို အားကောင်းစေရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen က အမေရိကန်၏ ဆုံးဖြတ်ချက် အတွက် အလွန်နောင်တရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။မော်တော်ကားလုပ်ငန်းဆိုင်ရာ ဂျာမနီအသင်းဥက္ကဋ္ဌ Hildegard Muller ကအခွန်စည်းကြပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေပြီး ကုန်သွယ်မှုဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ မော်တော်ယာဥ်ထုတ်လုပ်သူများနှင့် ကုန်သည်ကြီးများ အသင်း၏ CEO ဖြစ်သူ Mike Hawes က အဆိုပါ အခွန်စည်းကြပ်မှုသည် စိတ်ပျက်ဖွယ်ကောင်းကြောင်း ဖော်ပြခဲ့ပြီး အပြုသဘောဆောင်သော ဆုံးဖြတ်ချက် တစ်ခုရယူရန် အမေရိကန်နှင့် ဗြိတိန်တို့ကို တိုက်တွန်းခဲ့သည်။ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ဂျပန်နိုင်ငံသည် သွင်းကုန်ခွန်၏ အကျိုးသက်ရောက်မှုကို တန်ပြန်ရန် ရွေးချယ်စရာ အားလုံးကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများ တိုးလာသည်နှင့်အမျှ အမေရိကန်နှင့် ၎င်း၏ အဓိကကုန်သွယ်ဖက်များကြား တင်းမာမှုများ ပြင်းထန်လာကာ အနာဂတ်ကုန်သွယ်ရေး ညှိနှိုင်းမှုနှင့်စီးပွားရေး တည်ငြိမ်မှုအတွက် အစုရှယ်ယာများ တိုးမြင့်လာသည်။
Source : Xinhua
DOCA(ရန်ကုန်)