ကလေးကစားစရာအရုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၅.၃.၂၀၂၅ ရက်နေ့ နေ့လယ်(၁၁:၀၀) အချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် လှိုင်ဈေးကြီးအတွင်းသို့ ကလေးကစားစရာ အရုပ်အမျိုးမျိုးနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လှိုင်ဈေးကြီး ဈေးတာဝန်ခံ ဦးကျော်သူ ပါဝန်ထမ်းများမှ ပူးပေါင်းပါဝင်၍ ကလေးကစားစရာအရုပ်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ပုဒ်မ(၄၃)အရ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ )တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ရောင်းချပေးရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)