
ဖနွမ်းပင်မြို့တွင် 'Cambodia Global Textile Summit 2025' ၌ Shaping the Future: Competitiveness and Sustainability’ ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် Chanthol က အထည်လိပ်တင်ပို့မှုကဏ္ဍသည် ယခုအခါ ကမ္ဘောဒီးယားနိုင်ငံ၏ အရေးပါသော မဏ္ဍိုင်တစ်ခု အဖြစ်ပြောင်းလဲနေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ- (၁) Sun Chanthol က အထည်အလိပ်ကဏ္ဍသည် နှစ်စဉ် တင်ပို့မှုတွင် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ်က စုစုပေါင်းပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်နှင့် ဥရောပ ဈေးကွက်များသို့ အထည်အလိပ်ထွက်ကုန်များ အဓိကပံ့ပိုးပေးနေသည့် နိုင်ငံ ဖြစ်ကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝန်ကြီး (MLVT)၊ ဝန်ကြီး Heng Sour က ပြောကြားခဲ့သည်။ 'Cambodia Global Textile Summit 2025' အစည်းအဝေးသည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကဦးတည်ချက်ဖြစ်ပြီး နိုင်ငံတော်၏စီးပွားရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း Sour က ပြောကြားခဲ့သည်။ ထိပ်သီး အစည်းအဝေးသည် လုပ်သားစံနှုန်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် စီးပွားရေးအလေ့အကျင့်များကို မြှင့်တင်ရန်မဟာဗျူဟာများကို စူးစမ်းလေ့လာမည်ဖြစ်ပြီး၊ အထည်ချုပ်ကဏ္ဍ ခိုင်မာစေရေးအတွက် နိုင်ငံတကာ၏ မျှော်မှန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် စီးပွားရေးအခြေအနေများ အပြောင်းအလဲနှင့် ကမ္ဘောဒီးယားနိုင်ငံအတွက် LDC အနေအထားမှ လွတ်မြောက်နိုင်စေရန် အတွက်အထောက်အကူဖြစ်စေမည်ဖြစ်သည်။ MLVT သည် နိုင်ငံ့စီးပွားရေး၏ အဓိကမဏ္ဍိုင် ဖြစ်သည့် အထည်အလိပ်စက်မှုလုပ်ငန်းကို အားပေးကူညီရန် နှင့်အားကောင်းလာစေရန် ဝန်ကြီးချုပ် Hun Manet ၏ မျှော်မှန်းချက်နှင့်အညီ မူဝါဒများ၊ မဟာဗျူဟာများနှင့် စည်းမျဉ်းများ အများအပြားကို မိတ်ဆက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ သည်။ အခမ်းအနားသို့ အထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နှင့် အထည်ချုပ် လုပ်ငန်း ဒုတိယဥက္ကဌ Abert Tan၊ ကမ္ဘောဒီးယားရှိ ခရီးသွားကုန်ပစ္စည်းများအသင်း (TAFTAC)၊ နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဒါရိုက်တာ Xiaoyan Qian နှင့် International Economics Consulting (Cambodia Office) ကိုယ်စားလှယ်၊ Penghuy Ngov တို့ တက်ရောက်ခဲ့ကြသည်။
Source : Khmer Times
DOCA(ရန်ကုန်)