LRT (1)တွင် ပြုပြင်မွမ်းမံရန် ပီဆို ၇၀၀ သန်းစတင်သုံးမည့် ဖိလစ်ပိုင်အစိုးရ

Powered by Drupal

     အလင်းနှစ်ရထားလမ်းကြော LRT(1)သည် ရထားလမ်း၏မူလအပိုင်းရှိ အဆောက်အဦး များ၊ ဘူတာရုံများနှင့် တံတားမြင့်လမ်းများကို ပြုပြင်ရန်အတွက် ပီဆို ၇၀၀ သန်းခန့် ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို ၂၀၂၇ ခုနှစ် အထိဆောင်ရွက်ရန် စီစဥ်ထားပါသည်။ LRT(1) ပိုင်ရှင်ဖြစ်သည့် အလင်းနှစ်ရထားလမ်းကြောအာဏာပိုင်အဖွဲ့ LRTA သည် ပြန်လည် တည်ဆောက်ရေးစီမံကိန်း၏ အစိတ်အပိုင်းနှစ်ခုအနက် ပထမအဆင့်ကို ဧပြီလတွင် စတင် မည်ဟု သိရပါသည်။ ထိုပြန်လည်ပြုပြင်မွမ်းမံမှု၌ ကနဦးတွင် အက်ကွဲကြောင်း ပြုပြင်ခြင်းနှင့် ဒုတိယအဆင့်တွင် ဖွဲ့စည်းပုံပြန်လည်မွမ်းမံခြင်းတို့ ပါဝင်ပါသည်။ ၎င်းပြုပြင်မှုကို Baclaran နှင့် Fernando Poe Jr. ဘူတာရုံနှစ်ခုအကြား မူလသတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းရှိ တံတားအောက်ခံတိုင်များနှင့် အခြေခံအုတ်မြစ်များအပါအဝင် ဘူတာရုံများနှင့် တံတားမြင့် လမ်းများအားလုံးတွင် လုပ်ဆောင်သွားမည်ဟု သိရပါသည်။ ထို့အပြင် LRTA သည် မိုင်အဆုံးတွင် ရှိသည့်  အဆောက်အအုံများကိုလည်း ပြန်လည်ပြုပြင်သွားမည် ဟု သိရပါသည်။ LRTA ၏ ‌ဖော်ပြချက်ကို အခြေခံ၍ ပြုပြင်မွမ်းမံရေး လုပ်ဆောင်ချက်များကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ဆောင်သွားမည်ဟု သိရပါသည်။ LRTA မှ ရန်ပုံငွေမရရှိ သေးသော်လည်း သယ်ယူပို့ဆောင်‌ရေးဌာန (DOTr) မှ ခွဲဝေပေးသည့် ထောက်ပံ့ငွေဖြင့် အဆိုပါ စီမံကိန်းကို ဘဏ္ဍငွေထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရပါသည်။ LRTA သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက ရန်ပုံငွေလွှဲပြောင်းရန် တောင်းဆိုခဲ့သော်လည်း ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ တွင်သာ DOTr နှင့် သဘောတူညီချက်စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ LRT (1) ပြုပြင်မှုကြောင့် စီးနှင်းသူခရီးသည်များသည် Las Pinas မြို့ နှင့် Cavite ရထားဘူတာရုံသို့ ရောက်ရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရကြောင်း သိရပါသည်။ LRT (1) operator Light Rail Manila Corp.(LRMC) သည် Cavite Extension စီမံကိန်း၏ ဒုတိယအဆင့်နှင့် တတိယအဆင့်များတွင် ဆောက်လုပ်ရေး နှောင့်နှေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည် ဟု LRTA မှပြောကြားခဲ့ပါသည်။ သယ်ယူပို့ဆောင်ရေး အကြီးအကဲဟောင်း Jaime Bautista ပျိုးထောင်ခဲ့သော စီမံကိန်းနှင့် ထပ်နေမှုများကို ဖြေရှင်းရန် စီမံကိန်းအား ပြန်လည် ဒီဇိုင်းရေးဆွဲရမည် ဖြစ်ကြောင်း သိရပါသည်။ LRT (1) အား Caviteမြို့အထိ တိုးချဲ့မှုအပြီးတွင် တစ်နေ့လျှင် Bacoor မြို့သို့ စီးနင်းသူဥိးရေ ၈ သိန်းအထိ တိုးမြင့်လာနိုင်ပြီး Pasay မြို့နှင့် Cavite အကြား ခရီးစဉ်ကို ကြာချိန် ၂၅ မိနစ်လျော့ချနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

Philstar

DOCA(ရန်ကုန်)