Kazakhstan ၏ အကြီးမားဆုံး polyethylene စက်ရုံအသစ် တည်ဆောက်မှုစတင်

Powered by Drupal

      Atyrau ဒေသရှိ National Industrial Petrochemical Technopark အထူးစီးပွားရေးဇုန်၌ ကာဇက်စတန်၏ အကြီးဆုံး polyethylene ထုတ်လုပ်မှုစက်ရုံ Silleno တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေပြီဟု Kazinform သတင်းဌာနက မတ်လ ၃၁ရက်နေ့ တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါနေ့တွင်ပင် အုတ်မြစ်ချ၍ နှစ်စဉ် polyethylene တန်ချိန် ၁.၂၅ သန်းထုတ်လုပ်ရန် ဒီဇိုင်းဆွဲထားသည့် အဆိုပါစက်ရုံသစ်ကို အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်လျက်ရှိကြောင်းသိရပါသည်။ အဆိုပါ စီမံကိန်းကို ၂၀၂၈ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားပြီး ကုန်ထုတ်လုပ်မှုများကို ၂၀၂၉ ခုနှစ်တွင်စတင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ Silleno သည် Kazkhstan ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင်အရေးပါသော စီမံကိန်းတစ်ခုဖြစ်ပြီး စက်မှုလုပ်ငန်းအမျိုးမျိုးတွင် အသုံးပြုသည့် polyethylene အမျိုးအစား ၂၀ ကျော်ကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ စက်ရုံ၏ ထုတ်ကုန်များကို  CIS နိုင်ငံများ ၊ တရုတ်နှင့် တူရကီတို့ထံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အဆိုပါစက်ရုံသစ်တွင် Kazakhstan ၏ polyethylene တင်ပို့မှု ၏ ၉၀ ရာခိုင်နှုန်းခန့် အစားထိုးမည်ဟု မျှော်မှန်းကြောင်း သိရပါသည်။ Kazakhstan ၏ အမျိုးသား စာရင်းအင်း ဗျူရို၏ အဆို အရ ပြည်တွင်း polyethylene စျေးကွက်သည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၃၀၀၀၀၀ ရှိပြီး ၂၀၃၅ ခုနှစ်တွင် တန်ချိန် ၄၀၀၀၀၀ ခန့် အထိ တိုးလာနိုင်မည် စီစဥ်ထားကြောင်း သိရပါသည်။ Polyethylene ဝယ်လိုအားအများစုကို Silleno ၏ထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းကိုလည်း သိရပါသည်။

Xinhua

DOCA(ရန်ကုန်)