
စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် ၂၀၂၅ခုနှစ် ဧပြီလ ၁ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အိုင်သပြုကျေးရွာအတွင်းရှိ ပဲမျိုးစုံ ရောင်းဝယ်နေသော ကုန်သည်များအား အသိပညာပေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက လေးမျက်နှာ မြို့နယ်အတွင်း ပဲမျိုးစုံရောင်းဝယ်နေသော ကုန်သည်များအနေဖြင့် တောင်သူများထံမှ ဝယ်ယူရာတွင်လည်း အရည်အသွေး၊ အရေအတွက်အပြင် ငွေပေးချေမှု ကတိကဝတ်များ မှန်ကန်စေရေးမှာလည်း အရေးကြီးကြောင်း၊ အလေးချိန်၊အရည်အတွက်တိုးအောင် မသမာသောနည်းလမ်းဖြင့် ရောင်းဝယ်မှု မပြုလုပ်ရန်၊ ကုန်စည် အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)