
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ၊ ဒေါ်ကြည်ကြည်စိုး၊ တိုင်းရုံး သတင်းဌာနခွဲမှ ဦးမင်းမင်းဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဘိုကလေးမြို့ (၃) ရပ်ကွက်ရှိ “ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။
“ဂွတ်ရှယ်” သုံးထောင့်မုန့်လုပ်ငန်းမှ သုံးထောင့်မုန့်၊ အငံမုန့်၊ ပဲဖရုံမုန့်၊ လေးထောင့်မုန့်များ ထုတ်လုပ်လျက်ရှိပါသည်။ ပါဝင်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်သွန်၊ ကြက်ဥ၊ ကုလားပဲများ ပါဝင်၍ မုန့်တစ်ဘူးကို (၆) ခုဖြင့် တစ်နေ့လျှင် မုန့်ဘူး ၂၀၀ ထုတ်လုပ်ပြီး မုန့်တစ်ဘူးကို ၂၇၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ လုပ်သားအင်အားအနေဖြင့် ၈ဦးရှိပြီး တစ်ဦးကို တစ်လလျှင်(စားစရိတ်ငြိမ်း) လုပ်ခ ၁၅၀၀၀၀ ကျပ် ပေးရပြီး ဈေးကွက်အနေဖြင့် ဘိုကလေးမြို့ပေါ်ရှိ မုန့်ဆိုင်များနှင့် ဖျာပုံ၊ မော်ကျွန်း၊ကဒုံဧရာ၊ စက်စုကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ထုတ်လုပ်သော ကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ အရည်အသွေး ပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်သော ကုန်ပစ္စည်းများ အပေါ်တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြရန်နှင့် အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)