မြိတ်မြို့အတွက်လိုအပ်သောဆန်များ ရောက်ရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက် လိုအပ်သော ဆန်များအား မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ မှာယူလျက်ရှိကြောင်းသိရှိရပါသည်။ အဓိက ဧရာဝတီတိုင်းမှ ဝယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် ရတနာခိုင်ထွန်း(၇) ရေယာဉ်ဖြင့် ဧရာဝတီတိုင်း၊ ဒေဒရဲမြို့နယ်မှ တင် ဆောင်လာသော  ဆန်အိတ်၃၀၀၀ နှင့် Mv အောင်တက်တိုး‌ရေယာဉ်ဖြင့် ဧရာဝတီတိုင်း၊ ကျိုက် လတ်မြို့နယ်မှ တင်ဆောင်လာသော ဆန်အတ်၉၀၀၀ တို့သည် မြိတ်မြို့သို့ရောက်ရှိလာခဲ့ ကြောင်းသိရှိရပါသည်။ အဆိုပါ ဆန်လှေ များကို ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)