မြိတ်မြို့၊ ရွှေထွန်း အမှတ်တံဆိပ် နှမ်းကပ်ယိုနှင့် ပျားယိုအားကွင်းဆင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် စျေးကွက်အတွင်းရှိ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီစွာဖော်ပြပါ ရှိစေရန်ရည်ရွယ်၍ ယိုမျိုးစုံအား ၂၀၂၅ခုနှစ်၊ မတ်လ(၁၉)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို အမှတ်(၂၄၄)၊ (၂)လမ်း ၊ ရွှေပေးရပ်၊ မြိတ်မြို့ရှိ ရွှေထွန်း အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသော နှမ်းကပ်ယိုနှင့် ပျားယိုအား စျေးကွက်တွင် အရည်အသွေးပြည့်မီစေရန် စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခဲ့ပြီး ဘေး အန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးတို့ကို စစ်ဆေးခဲ့ ပါသည်။ ထိုနောက်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင် များလိုက်နာရန်အချက်အလက်တို့ ကို ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာ စောင်ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)